Logo
Print this page

ဘေယောင်ဂျွန်းနှင့် ပတ်ဆူဂျင်းတို့ ဒုတိယမြောက်ရင်သွေးရရှိတော့မည်

သြဂုတ် ၂၃ ရက်မှာ ဘေယောင်ဂျွန်းနဲ့ ပတ်ဆူဂျင်းတို့ဟာ ဒုတိယမြောက်ရင်သွေးကို ရရှိတော့မှာ ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်၊ မင်္ဂလာသက်တမ်း ၂ နှစ်ကြာပြီးတဲ့နောက် သူတို့အတွက် သတင်းကောင်း တစ်ခုလည်း ဖြစ်ပါတယ်။

သတင်းအရင်းအမြစ်တစ်ခုကအခုလိုပဲ ပြောပါတယ်။

"ဘေယောင်ဂျွန်းရဲ့ဇနီး ပတ်ဆူဂျင်းတို့ဟာ ဒုတိယရင်သွေးကို မကြာသေးခင်ပဲ လွယ်ထားရပါတယ်၊ ကိုယ်ဝန်ဆောင်ကနဦးကာလမှပဲ ရှိသေးတဲ့အတွက် တခြားလူတွေကို သူတို့ကမသိစေချင်သေးဘဲ ဂရုစိုက်နေရပါတယ်"
အသက် ၁၃ နှစ်ကွာခြားကြတဲ့ သူတို့စုံတွဲနှစ်ဦးဟာ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လမှာ လက်ထပ်ခဲ့ပါတယ်၊ သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အောက်တိုဘာလမှာ ပထမဆုံးရင်သွေးလေးကိုရရှိခဲ့ပါတယ်။ ဂုဏ်ယူပါတယ် ဘေယောင်ဂျွန်းရဲ့ ပတ်ဆူဂျင်းတို့ရေ။

Ref:soompi

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!