Logo
Print this page

2PM အဖွဲ့ဝင် ဂျွန်ဟို ဝန်းဂျင်အာနှင့်အတူ ဒရမ်မာတစ်ခုတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်မည်

2PM အဖွဲ့ဝင် ဂျွန်ဟိုဟာ သူရဲ့ပထမဆုံး ခေါင်းဆောင်မင်းသားအဖြစ် ဒရမ်မာတစ်ခုမှာ ပါဝင်တော့ မှာဖြစ်ပါတယ်။ သူဟာ တက်သစ်စ မင်းသမီး ဝန်းဂျင်အာနဲ့အတူ JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် “Just in Love” လို့အမည်ရတဲ့ ဒရမ်မာမှာ ပါဝင်မယ်လို့ သြဂုတ် ၂၁ ရက်မှာ ကြေညာလိုက်ပါတယ်။ လူတွေက ကျွန်တော်တို့ကို မျှော်လင့်ချက်ပေးနိုင်တဲ့ဆိုတဲ့အကြောင်းနဲ့ အချစ်ဟာ ကျွန်တော်တို့ရဲ့ ဒဏ်ရာတွေကို ကုစားပေးနိုင်တယ်ဆိုတဲ့ အကြောင်း သတင်းစကားပါးမယ့် ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။

ဂျွန်ဟိုဟာ ဒီရုပ်ရှင်မှာ မတော်တဆမှုတစ်ခုကြောင့် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပြီးနောက် နာကျင်မှု ဝေဒနာတွေ များစွာခံစားခဲ့ရတဲ့ လီဂန်ဒူအဖြစ် ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်။ ခြေထောက်ဒဏ်ရာကြောင့် ပြန်လည်သန်စွမ်းရေး ၃ နှစ်ကြာ လုပ်ဆောင်ဖို့လိုအပ်လာချိန်မှာတော့ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ဘောလုံးသမား အဖြစ်ကနေ ဆုံးရှုံးလိုက်ရမယ့် အခြေအနေနဲ့ ကြုံတွေ့လိုက်ရပါတယ်။

2PM

Photo Cpation :: Actor & Actress

ဝန်ဂျင်းအာကတော့ မတော်တဆမှုတစ်ခုမှာ ညီမလေးတစ်ယောက်ကို ဆုံးရှုံးလိုက်ရတဲ့ ဟာမွန်ဆူးဆိုတဲ့ ဇာတ်ရုပ်နေရာကနေ ပါဝင်မှာဖြစ်ပါတယ်။ မိခင်ဖြစ်သူကို စောင့်ရှောက်နေရတဲ့အပြင် မိမိနာကျင်မှုကို ဖုံးကွယ်ပြီး ကြံ့ခိုင်အောင် ကြိုးစားနေပြနေရ ပါတယ်။ အဲဒီအချိန်မှာပဲ လီဂန်ဒူနဲ့ ဆုံတွေ့ခဲ့ပြီး သူ့ရဲ့ ကွယ်ဝှက်ထားတဲ့ စိတ်ခံစားချက်တွေ ထွက်ပေါ်လာခဲ့ပါတော့တယ်။

“Just in Love” ဇာတ်လမ်းတွဲကို ဒီနှစ်နှောင်းပိုင်းမှာ ထုတ်လွှင့်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။

Ref:soompi

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!