Banner Top

Member Area

ငါးနှစ်အတွင်းပထမဆုံးဒရမ်မာရိုက်ကူးဖို့ ဆွေးနွေးနေတဲ့ မင်းသမီးယွန်းအွန်ဟေး

မင်းသမီးယွန်းအွန်ဟေးဟာဒရမ်မာတစ်ခုနဲ့ ပရိသတ်ထံမှောက် ပြန်လာနိုင်ပါတယ်။ ဧပြီ ၂၄ ရက်မှာသတင်းဌာနတစ်ခုဖြစ်တဲ့ OSEN က ယွန်းအွန်ဟေးဟာ“Love Watch”အမည်ရှိတဲ့ နာမည်ကျော် Web ဒရမ်မာကိုအသက်သွင်းရိုက်ကူးထားတဲ့ ဒရမ်မာတစ်ခုမှာဦးဆောင်ပါဝင်ဖို့ ဆွေးနွေးနေပြီလို့ ဆိုလိုက်ပါတယ်။ အဲဒီသတင်းတွေကိုတုန့်ပြန်တဲ့အနေနဲ့ ယွန်းအွန်ဟေးဘက်မှ သတင်းရင်းမြစ်တစ်ခုကမင်းသမီးဟာကမ်းလှမ်းချက်ကိုလက်ခံခဲ့ပြီးအသေးစိတ်သုံးသပ်နေတယ်လို့ ပြောခဲ့ပါတယ်။ မင်းသမီးယွန်းအွန်ဟေးဟာဒရမ်မာတစ်ခုနဲ့ ပရိသတ်ထံမှောက် ပြန်လာနိုင်ပါတယ်။

  • Published in News

2PM အဖွဲ့ဝင် ဂျွန်ဟို ဝန်းဂျင်အာနှင့်အတူ ဒရမ်မာတစ်ခုတွင် ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်မည်

2PM အဖွဲ့ဝင် ဂျွန်ဟိုဟာ သူရဲ့ပထမဆုံး ခေါင်းဆောင်မင်းသားအဖြစ် ဒရမ်မာတစ်ခုမှာ ပါဝင်တော့ မှာဖြစ်ပါတယ်။ သူဟာ တက်သစ်စ မင်းသမီး ဝန်းဂျင်အာနဲ့အတူ JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် “Just in Love” လို့အမည်ရတဲ့ ဒရမ်မာမှာ ပါဝင်မယ်လို့ သြဂုတ် ၂၁ ရက်မှာ ကြေညာလိုက်ပါတယ်။ လူတွေက ကျွန်တော်တို့ကို မျှော်လင့်ချက်ပေးနိုင်တဲ့ဆိုတဲ့အကြောင်းနဲ့ အချစ်ဟာ ကျွန်တော်တို့ရဲ့ ဒဏ်ရာတွေကို ကုစားပေးနိုင်တယ်ဆိုတဲ့ အကြောင်း သတင်းစကားပါးမယ့် ရုပ်ရှင်တစ်ခုလည်း ဖြစ်ပါတယ်။

  • Published in News
Subscribe to this RSS feed

Banner Top