Logo
Print this page

JTBC ရုပ်သံလိုင်းမှထုတ်လွှင့်ခဲ့သော ဒရမ်မာများထဲတွင် လူအကြည့်အများဆုံးဒရမ်မာအဖြစ် “Strong Woman Do Bong Soon” ကို “Woman Of Dignity” ကျော်တက်

“Woman of Dignity” ဒရမ်မာဟာ JTBC ရုပ်သံလိုင်းက ထုတ်လွှင့်ခဲ့တဲ့ လူကြည့်အများဆုံး ဒရမ်မာများထဲက “Strong Woman Do Bong Soon” ကို ကျော်တက်နိုင်ခဲ့ပြီဖြစ်ပါတယ်။ Nielsen Korea က ထုတ်ပြန်ခဲ့တဲ့ စာရင်းအင်းအချက်အလက်တွေအရ သြဂုတ် ၅ ရက်မှာ ထုတ်လွှင့်ခဲ့တဲ့ အဲဒီဒရမ်မာရဲ့ အပိုင်း ၁၆ ဟာ ပြီးခဲ့တဲ့ အပိုင်းမှာ ၂.၅ ရာခိုင်နှုန်းရှိရာကနေ ၉.၉ ရာခိုင်နှုန်းအထိ တဟုန်ထိုး တက်လာတာပါ။

“Strong Woman Do Bong Soon” ဒရမ်မာက စံချိန်တင်ထားတဲ့ လူကြည့်အများဆုံး ကြည့်နှုန်း ၉.၆ ရာခို်င်နှုန်းကို ကျော်တက်ပြီး “Woman of Dignity” ဟာ လူကြည့်အများဆုံးဒရမ်မာဖြစ်လာတာပါ။

Strong Woman Do Bong Soon

 

“Woman of Dignity” ဟာ စတင်ပြသခဲ့တဲ့အချိန်တုန်းက အပိုင်း ၁ ကိုလူကြည့်နှုန်း ၂.၀၄ ရာခိုင်နှုန်းသားရှိခဲ့ပြီး လူကြည်နှုန်းမကောင်းခဲ့ပေမယ့် အခုတော့ အံ့သြသင့်လောက်ဖွယ် နှုန်းထားတစ်ခုနဲ့ “Strong Woman Do Bong Soon” ကို ကျော်တက်သွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

နောက်ထပ်ထုတ်လွှင့်ဖို့ အပိုင်း ၄ ခုသာ ကျန်ရှိတော့ပြီး ပရိသတ်အများစုကတော့ အဲဒီဒရမ်မာဟာ ကြည့်ရှုှုနှုန်း ၁၀ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ပါ့မလားဆိုတာကို သိချင်နေကြပြီဖြစ်ပါတယ်။
#Micky
Ref:soompi

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!