Logo
Print this page

ဆောင်းဂျွန်ကီနှင့် ဆောင်းဟေဂိုတို့ နမည်ကျော် ရှီလာဟိုတယ်တွင် မင်္ဂလာပွဲကျင်းပမည်

ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ဟာ ဆိုးလ်မြို့မှာရှိတဲ့ လက်ထပ်ပွဲကြီးတွေကျင်းပရာ နေရာတစ်ခုမှ လက်ထပ်မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဒီနေ့ သြဂုတ် ၇ ရက်မှာပဲ အတွင်းသတင်းအမြစ်တစ်ခုက သူတို့နှစ်ဦးဟာ ရှီလာ ဟိုတယ်မှာ လက်ထပ်ကျင်းပမယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးရဲ့ လက်ထပ်ပွဲကို ကုမ္ပဏီတော်တော်များများက အခမဲ့ဝန်ဆောင်မှုနဲ့ ကျင်းပပေးဖို့ ကမ်းလှမ်းချက်တွေကို လည်း ပယ်ချခဲ့တယ်လို့ဆိုပါတယ်။

Saung Jun Ki and Saun Hay Ko

 

ရှီဟာဟိုတယ်ဆိုတာကတော့ ဂျန်ဒုံဂန်းနဲ့ ကင်ဆိုယောင်း၊ ဂွမ်ဆန်ဝူးနဲ့ ဆွန်ထယ်ယောင်း၊ ဂျွန်ဂျီယောင်းနဲ့ ချွဲဂျွန်ယော့၊ ဟွမ်ဂျောင်အွန်းနဲ့ လီယောင်ဒွန်း၊ မကြားသေးခင်ကဆို မွန်ဟီဂျွန်းနဲ့ ဆိုယူတို့ လက်ထပ်ခဲ့ကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ဟာ လာမယ့် အောက်တိုဘာ ၃၁ ရက်ဆို လက်ထပ်ကြတော့မှာဖြစ်ပါတယ်။

Ref:soompi

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!