Logo
Print this page

ပတ်ဆောဂျွန်းနဲ့ ဂန်ဟာနူးတိုရဲ့ ဆွဲဆောင်မှုအပြည်ရှိတဲ့ ခန္ဓာကိုယ်ကို မြင်တွေ့ကြရမယ့် ရုပ်ရှင်သစ် “Midnight Runners!”

မကြာခင် ရုံတင်ပြသတော့မယ့် “Midnight Runners!” ရုပ်ရှင်ရဲ့ ရုပ်ငြိမ်ဓါတ်ပုံတွေ ထွက်ရှိလာပါပြီ။ ပတ်ဆောဂျွန်းနဲ့ ဂန်ဟာနူး တို့ဟာ အဲဒီရုပ်ရှင်ထဲမှာ ဆွဲဆောင်မှုအပြည့်ရှိတဲ့ ခန္ဓာကိုယ်နဲ့ ပရိသတ်ကို ဆွဲဆောင်မယ့် ဂီဂျွန်းနဲ့ ဟီးယောအဖြစ် ပါဝင် သရုပ်ဆောင် ထားပါတယ်။ သူတို့နှစ်ဦးဟာ ရဲအကယ်ဒမီတစ်ခု ငယ်ရွယ်ပြီး စိတ်ဓါတ်ခွန်အားမြင့်မားတဲ့ ရဲသင်တန်းကျောင်း သားနှစ်ယောက်အနေနဲ့ ပါဝင်ထားပါတယ်။

သူတို့နှစ်ဦးဟာ ပြန်ပေးဆွဲမှုတစ်ခုအတွင်းမှာ ပါဝင်ခဲ့ကြရာကလေး အဲဒီဇာတ်လမ်းလေး ဖြစ်ပေါ်လာရတာပါ။ ဉာဏ်ကောင်းပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ ဇာတ်ရုပ်နှစ်ခုနဲ့ ဇာတ်လမ်းကို စတင်ခဲ့တယ်ဆိုပေမယ့် သူတို့ ပါဝင်ပတ်သက်ခဲ့ရတဲ့ အမှုကို သူတို့စတင်စုံစမ်းတဲ့အခါမှာတော့ လုံးဝကို သိသိသာသာကြီး ကွဲပြားလာခဲ့ပါတော့တယ်။ အခုထုတ်လိုက်တဲ့ ရုပ်ငြိမ်ဓါတ်ပုံတွေထဲမှာတော့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ဖို့အတွက် ပြင်ဆင်နေတဲ့အချိန်မှာ ရိုက်ကူးထားတဲ့ ပုံရိပ်များ ပါဝင်ပါတယ်။

Midnight Runners 1

ပရိသတ်တွေကလည်း အသက် ၂ဝ အရွယ် ကျောင်းသားလေးတွေကနေ သန်စွမ်းခိုင်မာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အဖြစ် ဘယ်လိုပြောင်းလဲသွားတယ်ဆိုတာကို ကြည့်ရှုဖို့ စိတ်အားထက်သန်နေကြပါပြီ၊ ဓါတ်ပုံတွေထဲမှာ မြင်တွေ့ကြရလို ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်မှုဖြစ်ပေမယ့်လည်း ပတ်ဆောဂျွန်းနဲ့ ဂန်ဟာနူးတို့ဟာ သူတို့ရဲ့ ဇာတ်ရုပ်မှာ အခက်အခဲမရှိ သရုပ်ဆောင်နိုင်ခဲ့ကြတာကိုလည်းတွေ့ရပါတယ်။

Midnight Runners 2

Midnight Runners 3

Midnight Runners 4

“Midnight Runners!” ရုပ်ရှင်ကို သြဂုတ် ၉ ရက်ကစလို့ တောင်ကိုရီးယားမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ စတင်ရုံတင်ပြသသွားမှာပဲ ဖြစ်ပါတယ်။

#Micky

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!