Logo
Print this page

EXO နဲ့ BTS ဟာ လေးစားအားကျရတဲ့ ပုဂ္ဂိုလ်များဖြစ်ကြောင်း Wanna One အဖွဲ့ ပြောဆို

Gocheok Sky Dome မှ မနက်ဖန် သြဂုတ် ၈ ရက်မှာ ပြုလုပ်မယ့် သူတို့ရဲ့ ပွဲဦးထွက်ပွဲမတိုင်ခင် Wanna One အဖွဲ့ဟာ ဒီလိုမျိုး အစဉ်အလာကြီးမားတဲ့နေရာမျိုးမှာ ဖျော်ဖြေခွင့်ရတာကို ဘယ်လိုခံစားခဲ့ကြရတယ်ဆိုတာ ပြောပြပေးခဲ့ပါတယ်။ ဂန်ဒန်နီ ယယ် က “ကျွန်တော် EXO နဲ့ BTS ရဲဲ့ ဖျော်ဖြေပွဲ ဗီဒီယိုကို ကြည့်ပြီး ‘ငါလည်းတစ်နေ့ ဒီနေရာမှာ ဖျော်ဖြေနိုင်ရမယ်’လို့တွေးမိခဲ့ပါတယ်၊ Gocheok Sky Dome လိုမျိုး ကြီးမားတဲ့နေရာမှာ ပွဲဦးထွက်ခွင့်ရခဲ့တာ ဟာ အိပ်မက်တစ်ခုလိုပါပဲ၊ ကျွန် တော့် အမေက သူ့ဘေးနားမှာရှိတဲ့ လူတော်တော်များများကို ကြွားနေရလို့ ကျွန်တော် ပျော်မိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

Wanna One အဖွဲ့ဟာ မီနီအယ်လ်ဘမ်ဟာ ကြိုတင်မှာယူ ၅ သိန်းကျော် အမှာစာလက်ခံရရှိထားပြီး အဲဒီအရေအတွက်ဟာ EXO နဲ့ BTS လိုမျိုး အနုပညာရှင်တွေရဲ့ အယ်လ်ဘမ် ကြိုတင်မှာယူမှု နဲ့ နှိုင်းယှဉ်လို့ရပါတယ်။
အွန်ဆောင်းဝူက “ဂုဏ်ယူစရာပါပဲ၊ ဘာကြောင့်လဲဆိုတော့ ပြဌာန်းစာအုပ်တွေလိုမျိုး EXO နဲ့ BTS ရဲ့ ဖျော်ဖြေမှုတွေဆီကို ကြည့်ရှုပြီး လေ့လာခဲ့ရတာပါ၊ တက်သစ်စ အနုပညာရှင်တစ်ဦး၊ ဂျူနီယာအနုပညာရှင် တစ်ဦးအနေနဲ့ ကောင်းမွန်တဲ့ ဖျော်ဖြေမှုတစ်ခုကို ပြသဖို့အတွက် အလုပ်ကြိုးစားသွားမယ်လို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်” လို့ဆိုပါတယ်။

EXO 1

BTS အဖွဲ့ ဝင် ဂျီမင်းနှင့် သူငယ်ချင်းဖြစ်သည့် ဟာဆောင်းဝန်းက “အရင်တုန်းက ကျွန်တော် BTS ရဲ့ ဖျော်ဖြေပွဲကို တစ်ခေါက်ကြည့်ဖို့ လာခဲ့ပါတယ်၊ Gocheok Sky Dome မှာ ဘယ်တော့များမှ ကျွန်တော် ဖျော်ဖြနိုင်မှာလဲလို့ ကျွန်တော် စဉ်းစား မိတယ်၊ ဒါအမြန်ဆုံးဖြစ်လာခဲ့တာဟာ အိပ်မက်တစ်ခုလိုပါပဲ၊ ကျွန်တော့် ဘဝမှာ ဒီလိုမျိုးဘယ်တော့မှ လုပ်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တာပါ၊ ဒါကြောင့် ဒီမှာ ကျွန်တော် ရှိနေရတယ်ဆိုတာဟာ တကယ်လို့ မခံစားရသေးပါဘူး၊ အစမ်း လေ့ကျင့်နေ တဲ့အချိန် ကျွန်တော်တကယ့်ကိုပဲ စိတ်လှုပ်ရှားနေပြီး စိုးရိမ်နေမိပါတယ်၊ Gocheok Sky Dome မှာ ရှိနေရတာဟာ အိပ်မက်တစ်ခုလိုပါပဲ၊ အဲဒီမှာ ရှိနေတာကို ပျော်ရွှင်ရပါတယ်။” လို့ ပြောပါတယ်။

E 2

ဟွမ်မင်ယောင်းက “Gocheok Sky Dome ရဲ့ စတိတ်စင်ကြီးပေါ်မှာ ကျွန်တော် ရပ်နေနိုင်ခဲ့မယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ပါဘူး၊ ကျွန်တော်တို့ရဲ့ ပွဲဦးထွက်ကို လာရောက််အားပေးကြမယ့် ပရိသတ်တွေအတွက် အကတွေကပြီး သီချင်းတွေဆိုဖို့ ကျွန်တော် တိုု့ ကြိုးစားလုပ်ဆောင်သွားမှာပါ၊ ဒီမှာရှိနေတဲ့လူတိုင်းအတွက် အမှတ်တရကောင်းတွေကို ကျွန်တော်တို့ ဖန်တီးပေးသွားပါ့မယ်” လို့ဆိုပါတယ်။

E 3

E 4

E 5

Wanna One အဖွဲ့ဟာ မနက်ဖန်် သြဂုတ် ၈ ရက်မှာ ဂီတဇယားတွေမှာ နေရာရရှိခဲ့ပြီးဖြစ်တဲ့ “Energetic” ခေါင်းစီးတေးပါဝင်တဲ့ ပထမဆုံးမီနီအယ်လ်ဘမ်ကို ဖြန့်ချိမှာဖြစ်ပါတယ်။

#Micky

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!