Logo
Print this page

Wanna One အဖွဲ့ဝင်များ၏ ပုံစံတူအရုပ်လေးများကို အကန့်အသတ်ဖြင့် ရောင်းချမည်

အခုဆိုရင် Wanna One အဖွဲ့ဝင်တွေရဲ့ ပုံစံတူအရုပ်လေးတွေကို ရရှိနိုင်တော့မှာဖြစ်ပါတယ်။

အဲဒီ Wanna One ပုံစံအတူအရုပ်လေးတွေကိုသြဂုတ် ၂၈ ရက်မတိုင်ခင်မထိ Lotte Mart အရောင်းဆိုင် ၁၁ ခုမှာရှိတဲ့ ToysRUs ဒါမှမဟုတ် Toy Box မှာ ကြိုတင်မှာယူနိုင်မှာဖြစ်ကြောင်း သြဂုတ် ၈ ရက်မှာ Lotte Mart က ကြေညာလိုက် တာပါ။

G 1

 

အဲဒီပုံစံတူအရုပ် အစုံ ၂ဝဝ စီကို ဆိုးဘူတာရုံ၊ ချောင်းညန်နီ၊ အွန်ဖြောင်း၊ ဂင်ဖိုလေဆိပ်၊ ဆူဝန်၊ ဘူဆန် ဂွမ်ဘို့၊ ဒယ်ဂူ ယူဟာ၊ ဂွမ်ဂျူ ဆူဝန်၊ ဂျယ်ဂျူ၊ ဒယ်ဒေါ့နဲ့ ဝန်ဂျူ တို့မှာရှိတဲ့ Lotte Mart တွေမှာ ရောင်းချသွားမှာ ဖြစ်ပြီး စုစုပေါင်း အစုံရေ ၂၂၀၀ သာရောင်းချသွားမှာဖြစ်ပါတယ်။

G 2

တစ်စုံကို ကိုရီးယားဝမ် ၂၄၈၀၀၀ ဖြစ်ပြီး ဒေါ်လာ ၂၂၀ နီးပါးရှိပါတယ်။ ပို့ဆောင်မှုကိုတော့ အောက်တိုဘာ ၂ ရက်မှာစတင်မှာပါ။

#Micky

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!