Logo
Print this page

BLACKPINK အဖွဲ့၏ 'As If It's Your Last' MV ကို Youtube တွင် ကြည့်ရှုသူ သန်း ၁၀၀ ကျော်သို့ ရောက်ရှိ

BLACKPINK အဖွဲ့ရဲ့ "As If It's Your Last" MV ဟာ ဒီနေ့မှာပဲ Youtube မှာ ကြည့်ရှုသူ သန်း ၁ဝဝ ကျော် လွန်သွားခဲ့ပြီဖြစ်တယ်လို့ အဖွဲ့ရဲ့ အေဂျင်စီက ပြောကြားလိုက်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လမှာ ဖြန့်ချိခဲ့တဲ့ အဲဒီသီချင်းဟာ "Boombayah"၊ "Playing with Fire" နှင့် "Whistle" သီချင်းတွေ နောက်ပိုင်း မှတ်တိုင် သစ်စိုက်ထူနိုင်ခဲ့တဲ့ စတုတ္တမြောက် ဂီတဗီဒီယို ဖြစ်လာခဲ့ကြောင်း YG အင်တာတိန်းမန့်က ဆိုလိုက်ပါတယ်။ ဒီမှတ် တိုင် သစ် ကိုရောက် ဖို့ ၄၆ ရက်ကြာမြင့်ခဲ့တာပါ။

ထိုင်းနိုင်ငံသူ လီဆာ ပါဝင်တဲ့ အဖွဲ့ဝင် ၃ ဦးပါ အဖွဲ့ဟာ ၂၀၁၆ ခုနှစ် သြဂုတ်လမှာ "Square One" အယ်လ်ဘမ်နဲ့ ပွဲ့ဦးထွက်ခဲ့ တာဖြစ်ပြီးတော့ ပြီးခဲ့တဲ့နှစ်မှာ တက်သစ်စ အဆိုတော်တွေ ဖြစ်ခဲ့ကြတာပါ။

Black Pink

 

ဖျက်သိမ်းခဲ့ပြီးဖြစ်တဲ့ 2NE1 အဖွဲ့နောက်ပိုင်း YG ရဲ့ ပထမဆုံး အမျိုးသမီးအဆိုတော်အဖွဲ့လည်း ဖြစ်ပါတယ်။ BLACKPINK အဖွဲ့ဟာ လာမယ့် သြဂုတ် ၃၀ ၊ ဂျပန်မှာ ပွဲဦးထွက်ဖို့လည်း ပြင်ဆင်ထားပါတယ်။

#Micky

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!