Logo
Print this page

KBS ရုပ်သံမှထုတ်လွှင့်မည့် မှုခင်းဒရမ်မာတွင် သရုပ်ဆောင်ရန် ကမ်းလှမ်းချက်ကို ဂုံမြောင်လက်ခံ

ကောင်းကင်နတ်ဘုရား မင်းသား ဂုံမြောင်ဟာ KBS2 ကနေ မကြာခင်ထုတ်လွှင့်မည့် Mad Dog အမည်ရှိတဲ့ ဒရမ်မာမှာ ပါဝင်ဖို့ ကမ်းလှမ်းချက်ကို သုံးသပ်နေတယ်လို့ သိရပါတယ်။ သြဂုတ် ၈ ရက်မှာ သူု့ရဲ့ အေဂျင်စီဖြစ်တဲ့ Fantagio အင်တာတိန်းမန့် က သတင်းအရင်းအမြစ်တစ်ခုက အခုလိုမျိုး ပြောကြားထားပါတယ်။

"Mad Dog ဒရမ်မာအတွက် ပါဝင်မယ့်သရုပ်ဆောင်တွေနဲ့ ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကို သူတို့မကြာသေးခင်ကပဲ ကျင်းပခဲပကြပါတယ်၊ အခုအချိန်မှာတော့ သူဟာ ကမ်းလှမ်းချက်ကို အကောင်းမြင်ဘက်ကနေ သုံးသပ်နေပါတယ်"

Gon Myaung

 

“Mad Dog” မှုခင်းဇာတ်လမ်းတွဲဟာ အာမခံနဲ့ ပတ်သက်တဲ့ ရာဇဝတ်မှုတွေရဲ့ သရုပ်မှန်ကို ဖော်ကျူးပြသမယ့် ဒရမ်မာပဲ ဖြစ်ပါတယ်။ ဂုံမြောင်ဟာ "ခွေးရူး" အမည်ရှိတဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ပရော်ဖက်ဆာ ကင်မင်ဂျွန်းအဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရတာဖြစ်ပါတယ်။ အဲဒီဒရမ်မာကို KBS ရုပ်သံလိုင်းနေ ပြသနေတဲ့ "Manhole" ဇာတ်လမ်းတွဲပြီးတဲ့နောက် လာမယ့်အောက်တိုဘာလထဲ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တိုင်း ပြသသွားမှာ ဖြစ်ပါတယ်။

 

#Micky

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!