Logo
Print this page

၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြတဲ့ နတ်ဖက်တဲ့ အနုပညာစုံတွဲများ

၂၀၁၇ ခုနှစ်မှာ လက်ထပ်ခဲ့ကြတဲ့ နတ်ဖက်တဲ့ အနုပညာစုံတွဲများ

၂၀၁၇ ခုနှစ်ဟာ အနုပညာရှင် ချစ်သူတွေနဲ့ ကြင်စဦးဇနီးမောင်နှံတွေအတွက် မင်္ဂလာရှိတဲ့ နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။ ပြီးတော့ အခုလာမယ့် အောက်တိုဘာမှာလည်း အများကစိတ်ဝင်စားနေတဲ့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂိုတို့ရဲ့ လက်ထပ်ပွဲ ကို ပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ လက်ထပ်ခဲ့ကြတဲ့ အနုပညာရှင် ဇနီးမောင်နှံတွေနဲ့ သူတို့ဘယ်လို ဟန်းနီးမွန်းကာလကို ရောက်ရှိလာကြတယ်ဆိုတာ ကြည့်ကြရအောင်

၁။ ဆိုယူ နဲ့ မွန်ဟီးဂျွန်

Idol ပထမမျိုးဆက်ဖြစ်တဲ့ H.O.T အဖွဲ့ခေါင်းဆောင် မွန်းဟီဂျွန်ဟာ Crayon Pop အဖွဲ့ဝင်ဟောင်းဖြစ်တဲ့ ဆိုယူထက် အသက် ၁၃ နှစ်ကြီးပါတယ်။ သူတို့စုံတွဲဟာ နှစ်နှစ်ကြာ နီးစပ်တဲ့ ဆက်ဆံရေးနဲ့ နေခဲဲ့ကြပြီးတဲ့ နောက် ပြီးခဲ့တဲ့နှစ် ဧပြီ လမှာပဲ သူတို့စတင် တွဲခဲ့ကြပြီး လက်ထပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။ သူတို့ရဲ့ လက်ထက်ပွဲနဲ့ သူတို့ဟာ ဒီနှစ်အတွင်းမှာပဲ လက်ထပ်ကြတဲ့ ပထမဆုံးအနုပညာရှင်စုံတွဲ ဖြစ်လာတာပါ။ သူတို့ လက်ထပ်ပြီးမကြာမီ ပြီးခဲ့တဲ့ မေလမှာပဲ သမီးဦးကို ရရှိခဲ့ကြပါတယ်။

1So You and MonHeJun

 

၂။ ရိန်းနဲ့ ကင်ထယ်ဟီး

၂၀၁၂ ခုနှစ်မှာ ကြော်ငြာရိုက်ကူးခဲ့တုန်းက တွေ့ဆုံခဲ့ကြပြီးတဲ့နောက် ဒီနှစ်အစောပိုင်းမှာ လက်မထပ်ခင်အထိ ငါးနှစ်လောက်တွဲခဲ့ကြတဲ့ စုံတွဲပါ။ သူတို့ဟယ တချို့သော နာမည်ကျော််ကြားသူတွေလိုမျိုး ပုံမှန် လက်ထပ်ပွဲနဲ့ ယှဉ်ရင် စျေးမကြီး တာမျိုးဖြစ်ဖို့အတွက် မင်္ဂလာပွဲကို အသေးစားပဲ လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကင်ထယ်ဟီးဟာ ပြီးခဲ့တဲ့မေလမှာပဲ ကိုယ်ဝန်ရှိနေကြောင်း အတည်ပြုခဲ့ပါတယ်။

2Rain and Kim Htae Hee

၃။ ရူဆူယောင်း နဲ့ပတ်ဟာဆွန်း

သူတို့နှစ်ဦးကတော့ ၂၀၁၃ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ “Two Weeks” ရုပ်သံဇာတ်လမ်းတွဲမှာ အတူတူ သရုပ်ဆောင်ခဲ့ကြပြီးတော့ ၂၀၁၄ ခုနှစ်မှာ စပြီးတွဲခဲ့ကြပါတယ်။ ဒီနှစ်အစောပိုင်းမှ လက်ထပ်ပြီးတဲ့နောက် သူတို့စုံတွဲနှစ်ဦးရဲ့ ချစ်ရည် ထုံးမွှန်း ချိုသာတဲ့ပုံရိပ်တွေနဲ့ ပရိသတ်တွေကို မနာလိုဖြစ်စေခဲ့ပါတယ်။ ပတ်ဟာဆွန်းဟာ အခုဆိုရင် ကိုယ်ဝန်လွယ်ထားရပြီး မကြာခင်မွေးဖွားလာတော့မယ့် ကလေးအတွက် ကြိုတင်ရင်ခုန်နေကြပါပြီ။

3YouSuuYaungandParkHarSoon

 

၄။ဂျိုဆန်ဝုနဲ့ ချာရယ်ယောင်း


သူတို့သရုပ်ဆောင်စုံတွဲနှစ်ဦးဟာလည်း ဒရမ်မာဇာတ်လမ်းတွဲတစ်ခုရိုက်ကူးရာကနေ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ MBC ရုပ်သံလိုင်းကနေထုတ်လွှင့်ခဲ့တဲ့ “Glorious Temptation” ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ မေလမှာ လက်မထပ်ခင်အချိန်အထိ နှစ်နှစ်နီးပါးလောက် သူတို့ တွဲခဲ့ကြပါတယ်။ သူတို့ဇနီးမောင်နှံနှစ်ဦးဟာ မင်္ဂလာပွဲကနေ လက်ဖွဲ့အနေနဲ့ ရရှိတဲ့ ငွေတချို့ကို ပရဟိတအသင်း တွေကိုလှူဒါန်းခဲ့ပါတယ်။

4JoeSanWuandCharYeYaung

၅။ လီဆန်ဝူးနဲ့ ကင်ဆိုယောင်း

MBC ဟာ အနုပညာမြားနတ်မောင်လို့ ပြောရမယ်ထင်တယ်ဗျ၊ ဒီစုံတွဲဟာလည်း MBC ကနေထုတ်လွှင့်ခဲ့တဲ့ ဒရမ်မာမှာ ဆုံတွေ့ခဲ့ကြတာပါ။ ရွယ်တူဖြစ်တဲ့ သူတို့နှစ်ဦးဟာ “Happy Home” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် တွဲခဲ့ကြပါ တယ်။ ချစ်သူသက်တမ်း ၉ လကြာပြီးတဲ့နောက်မှာ တော့ သူတို့ လက်ထပ်ခဲ့ကြပါတယ်။ ဒရမ်မာထဲမှာ လက်ထပ်သလိုမျိုး အပြင်မှာတကယ်ပဲ သူတို့လက်ထပ်သွားပါပြီ။

5LeeSanWuuandKimSoYaung

 

၆။ အဲရစ်နဲ့ နာဟယ်မီ

အဲရစ်ကတော့ ပထမမျိုးဆက် Idol ဖြစ်ပြီး ရှင်ဟွာအဖွဲ့ရဲ့ ခေါင်းဆောင်လည်းဖြစ်ပါတယ်။ သူဟာ ချစ်သူမင်းသမီး နာဟယ်မီနဲ့ ချစ်သူသက်တမ်း ၅ နှစ်ကြာပြီးတဲဲ့နောက် ပြီးခဲဲ့့တဲဲ့ ဇူလိုင်လမှာပဲ လက်ထပ်သွားခဲ့ပါတယ်။ မွန်ဟီးဂျွန်နဲ့တူတာက သူဟာ အဖွဲ့ထဲမှာ ပထမဆုံး လက်ထပ်ခဲ့တဲ့သူဖြစ်ပါတယ်။

6AeRickandNarHaeMe

 

Ref:soompi

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!