Logo
Print this page

ဘတ်ဂျီယောင်းနှင့် BIGBANG အဖွဲ့ဝင် ထယ်ယန်း တို့ “Fantastic Duo 2” အစီအစဉ်တွင် ပါဝင်လာမည်

ဘတ်ဂျီယောင်းနဲ့ BIGBANG အဖွဲ့ဝင်ထယ်ယန်းတို့ဟာ SBS ကနေ ထုတ်လွှင့်မယ့် “Fantastic Duo 2” အစီအစဉ်တွင် ပါဝင်မှာဖြစ်တယ်လို့ အတည်ပြုလိုက်ပါတယ်။ သူတို့နှစ်ဦးဟာ အစီအစဉ်မှာ ပါဝင်မယ်လို့ သတင်းများထွက်ပေါ်လာ ခဲ့ပြီးတဲ့နောက် SBS က အခုလိုမျိုးအတည်ပြုလိုက်တာဖြစ်ပါတယ်။

"ဘတ်ဂျီယောင်းဟာ ‘Like Being Hit By a Bullet’ သီချင်းကို သီဆိုဖျော်ဖြေမှာဖြစ်ပြီးတော့ ထယ်ယန်းကတော့ ‘Eyes, Nose, Lips' သီချင်းကို သီဆိုမှာပါ"

BIGBANG

 

အဲဒီ့ အစီအစဉ်ကို သြဂုတ် ၂၂ ရက်မှာ ရိုက်ကူးမှာပါ။YG အင်တာတိန်းမန့်နဲ့ Music Works တို့ဟာလည်း အဲဒီအစီအစဉ်မှာ သူတို့နှစ်ဦးပါဝင်မှာဖြစ်တယ်လို့ အတည်ပြုထားပါတယ်။ ထယ်ယန်းဟာ “Fantastic Duo” ရဲ့ ပထမရာသီမှာ ပါဝင်ခဲ့ပြီး ပရိသတ်တွေကို ဖျော်ဖြေခဲ့ပါတယ်၊ ပြီးခဲ့တဲ့ မေလမှာ သမီးလေးကို မွေးဖွားခဲ့တဲ့ ဘတ်ဂျီယောင်းအတွက်တော့ ဒါဟာ ပထမဆုံးဖျော်ဖြေတင်ဆက်မှုလည်း ဖြစ်ပါတယ်။

ထယ်ယန်းနဲ့ ဘတ်ဂျီယောင်းတို့ပါဝင်တဲ့ “Fantastic Duo 2” အစီအစဉ်ကို လာမယ့် စက်တင်ဘာလထဲမှာ ထုတ်လွှင့်ဖို့ စီစဉ်ထားပါတယ်။

 

Ref:soompi

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!