Warning
  • JUser: :_load: Unable to load user with ID: 614

Banner Top

Member Area

NU'EST အဖွဲ့၏ ပရိသတ်များက လိင်ကျွန်ဖြစ်ခဲ့ရသူများကို ကူညီရန် ဝမ် ၆၃ သိန်းကို လှူဒါန်း

  •  
  • Category: News

NU'EST အဖွဲ့ရဲ့ ပရိသတ်တွေဟာ ယခင်က လိင်ကျွန်ဖြစ်ခဲ့ရသူတွေကို ကူညီဖို့ အံ့သြလောက်ဖွယ် ငွေပမာဏ တစ်ခုကို လှူဒါန်းခဲ့ကြပါတယ်။ Marymond ဆိုတာကတော့ ဖုန်းပစ္စည်းတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရောင်းချတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး ရရှိလာတဲ့ အမြတ်တွေကို ဂျပန်ကိုလိုနီခေတ်နဲ့ ဒုတိယကမ္ဘာစစ်ကာလများအတွင်း လိင်ကျွန် ဖြစ်ခဲ့ရတဲ့ သက်ကြီးရွယ်အို အမျိုး သမီးတွေ ကို ကူညီလေ့ရှိ ပါတယ်။ Ren ဟာ တံဆိပ်တွေနဲ့ ဖုန်းပစ္စည်းတွေလိုမျိုး Marymond ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို အသုံးပြုတယ်လို့ လူအများသိကြပါတယ်။

လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ ကျရောက်မယ့် NU'EST အဖွဲ့တည်ထောင်တဲ့ ရက် ၂၀၀၀ ပြည့်အတွက် ပရိသတ်တွေစူပေါင်းပြီးတော့ ဝမ် ၆၃၄၈၀၀၀ ရရှိခဲ့ပြီး အဲဒီပမာဏဟာ ပရဟိတအတွက် Fanbase တွေကနေ စုဆောင်းရရှိခဲ့တဲ့ အများဆုံးပမာဏလည်းဖြစ်ပါတယ်။

NUEST

အမျိုးသမီးအရုပ် လက်ကောက် ၅၂၉ ကွင်းကိုရောင်းချခြင်းနဲ့ အဲဒီငွေပမာဏရရှိခဲ့ တာဖြစ် ပြီးတော့ အဲဒီလက်ကောက်တွေရောင်းချရမှုကနေ ရရှိလာတဲ့ ငွေတွေကို ယခင်က လိင်ကျွန်ဖြစ်ခဲ့ရသူတွေကို ကူညီဖို့ အသုံးပြုသွား မှာဖြစ်ပါတယ်။

Ref:Allkpop

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Banner Top