Warning
  • JUser: :_load: Unable to load user with ID: 614

Banner Top

Member Area

BOYS24 ၏ ပွဲဦးထွက်အဖွဲ့ဝင်ရွေးချယ်ပွဲကို ယခုသီတင်းပတ်တွင် V Live မှ တိုက်ရိုက်ထုတ်လွှင့်မည်

  •  
  • Category: News

BOYS24 ရဲ့ နောက်ဆုံးပွဲဦးထွက်အဖွဲ့ဝင် ရွေးချယ်ပွဲဖြစ်တဲ့ 'BOYS24 THE FINAL' အစီအစဉ်ကို ယခုသီတင်းပတ်မှာ Naver ရဲ့ V Live မှတဆင့်တိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ကြောင်း သိရပါတယ်။ နောက်ဆုံးအဆင့်ပွဲစဉ်ကို ဆိုးလ်မြို့မှာရှိတဲ့ အိုလံပစ် ခန်းမ မှာ သြဂုတ် ၁၂ ရက် မှာ ကျင်းပမှာ ဖြစ်ပြီး တစ်နှစ်နဲ့ ခြောက်လကြာခဲ့တဲ့ ပရိသတ်ကရွေးချယ်တဲ့ လုပ်ငန်းစဉ်အဆုံးသတ်မှာဖြစ်ပြီး အဲဒီအစီအစဉ်ကနေ အဖွဲ့တစ်ခုအနေနဲ့ ပွဲဦးထွက်ဖို့ နောက်ဆုံးအဖွဲ့ဝင် ၉ ဦးကိုရွေး ချယ်မှာ ဖြစ်ပါတယ်။

BOYS24 ရဲ့ အပိုင်း ၂၆ဝ ရှိခဲ့တဲ့ ဖျော်ဖြေပွဲစီးရီး 'BOYS24 LIVE' ဟာလည်း တစ်နှစ်ကြာပြီးတဲ့နောက် ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်မှာ အဆုံးသတ်ခဲ့ပါပြီ။ လက်ရှိကျန်ရှိနေတဲ့ အမျိုးသားအဖွဲ့ဝင် ၂၆ ဦးထဲကနေ အဖွဲ့ဝင် ၉ ဦးကို ရွေးချယ်ပေးသွားတော့မှာပဲ ဖြစ်ပါတယ်။

BOYS24

 

နောက်ဆုံးအဆင့် BOYS24 အဖွဲ့ဝင်တွေကို အွန်လိင်းမဲ ၂ဝ ရာခိုင်နှုန်း၊ မထုတ်လွှင့်မီ မဲပေးမှု ၁၀ ရာခိုင်နှုန်း၊ အသင်းစည်းလုံးညီညွတ်မှု ၂ဝ ရာခိုင်နှုန်း၊ တိုက်ရိုက်မဲပေးမှု ၅ဝ ရာခိုင်နှုန်းနဲ့ ၂၆ ဦးထဲက ၇ ဦးကို မဲစနစ်နဲ့ ရွေးချယ်ပေး သွားမှဖြစ်ပြီး ထပ်ပေါင်းအဖွဲ့ဝင် နှစ်ဦးကိုတော့ CJ E&M ကနေ ရွေးချယ်ပေးမှာဖြစ်ပါတယ်။

'BOYS24 THE FINAL' ပွဲပြီးရင်တော့ ရွေးချယ်ထားခံရတဲ့ အဖွဲ့ဝင် ၉ ဦးဟာ သြဂုတ် ၂၆ ရက်မှာပဲ ဂျပန်ပရိုမိုးရှင်းတွေကို ဆက်တိုက်လုပ်ကိုင်သွားကြရမှာဖြစ်ပါတယ်။

Ref:allkpop

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Banner Top