Logo
Print this page

Samuel Kim ၏ “Sixteen” မီနီအယ်လ်ဘမ် ကော်ပီ ပထမအသုတ် အချပ်ရေအားလုံး ရောင်းကုန်

Samuel Kim ရဲ့ တစ်ကိုယ်တော်မီနီအယ်လ်ဘမ် ပထမအသုတ် အချပ်တွေဟာ အားလုံးရောင်းကုန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ အနုပညာရှင်လေးဖြစ်တဲ့ Samuel ဟာ “Sixteen” အမည်ရှိတဲ့ မီနီအယ််လ်ဘမ်နဲ့ သြဂုတ် ၂ ရက်နေ့မှာ ပွဲဦးထွက်လာခဲ့တာဖြစ်ပါတယ်။

ဖြန့်ချိသူ LOEN အင်တာတိန်းမန့်ကတော့ အခုလို ပြောထားပါတယ်။

 

Samuel Kim

“သြဂုတ် ၈ ရက်မှာပဲ ပထမဆုံးကော်ပီအချပ်ရေ သုံးသောင်းလုံး ရောင်းကုန်သွားခဲ့ပါပြီ၊ နိုင်ငံခြား တင်ပို့ရောင်းချ ရမှုကလည်း တကယ့်ကိုပဲ အံ့မခန်းပါပဲ၊ နိုင်ငံခြားမှာ သူ့ရဲ့ နာမည်ကျော်ကြားမှုကို ရောင်ပြန်ဟပ်မှု တစ်ခုပဲ ဖြစ်ပါတယ်။ ထပ်ဝင်လာတဲ့ အော်ဒါတွေ ရှိနေတဲ့အတွက် ကျွန်တော်တို့ အခွေပိုပြီး ထုတ်ဖို့ လုပ်နေပါတယ်၊ အထူးသဖြင့် မီနီအယ်လ်ဘမ် ’Sixteen’ ဟာ Hanteo Realtime ဇယားမှာ ထိပ်တန်းနေရာမှာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။”

Samuel Kim ရဲ့ သီချင်း “Sixteen” ဟာ သြဂုတ် ၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ “The Show” အစီအစဉ်မှာ ပထမနေရာအတွက် တစ်ကြိုစာရင်းထဲပါဝင်ခဲ့ပြီး နံပါတ် ၂ နေရာမှာ ရပ်တည်ခဲ့ပါတယ်။
#Micky

Korea Entertainment Channel တစ်ခု ထူထောင်နိုင်ရန်ဖြစ်ပြီး အနုပညာလိုင်း ဂီတ Music လိုင်း တစ်လိုင်းအဖြစ်ဆောင်ရွက်ပါသည်။ လူငယ် တေးသံရှင်များ၏ အွန်လိုင်း album များကို တင်ပေးမည်ဖြစ်ကာ ပရိတ်သတ်များအနေဖြင့် Online Producer ပုံစံမျိုးဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!