Logo
Print this page

ဇန်နဝါရီလအတွက် နာမည်အကျော်ကြားဆုံးအမျိုးသားအဆိုတော်အဖွဲ့ဝင် 2PM အဖွဲ့ဝင် Junho

2PM အဖွဲ့ဝင်နဲ့ မင်းသား လီဂျွန်ဟိုဟာ အမျိုးသားအဆိုတော်အဖွဲ့နာမည်ကျော်ကြားမှုအညွှန်းကိန်းမှာ နံပါတ်တစ်နေရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၁၅ ရက်မှာ Korea Corporate Reputation Research ကနေ အမျိုးသားအဆိုတော်အဖွဲ့ဝင် ၇၀၃ ဦးရဲ့ အချက်အလက်ကို ထုတ်ပြန်လိုက်ပါတယ်။

 

အဲဒီအချက်အလက်အဆိုအရ ဂျွန်ဟိုဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွက် နာမည်ကျော်ကြားမှုအများဆုံးအမျိုးသားအဆိုတော်အဖွဲ့ဝင် အညွှန်းကိန်းမှာ နံပါတ် ၁ နေရာကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဂျွန်ဟိုဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှာ နံပါတ် ၅ နေရာရှိရာကနေ အဆင့် ၄ ခု ခုန်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဂျွန်ဟိုရဲ့အနောက်မှာတော့ ဂျီမင်း၊ ဂန်ဒန်နီယယ်၊ ဂျင်နဲ့ ချာအွန်းဝူတို့က အစဉ်လိုက်ရပ်တည်နေပါတယ်။ မင်းသားဂျွန်ဟိုဟာ MBC ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ ‘The Red Sleeve’ စီးရီးထဲမှာ အိမ်ရှေ့စံ လီဆန်းနေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဂျွန်ဟိုဟာ ဇန်နဝါရီ ၂၂ ရက်နဲ့ ၂၃ ရက်မှာတော့ Blue Square Mastercard Hall မှာ ပရိသတ်တွေ့ဆုံပွဲ တစ်ခုကို ပြုလုပ်မှာဖြစ်ပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!