Logo
Print this page

ရိန်းအသေးစားလေးလို့ တခါက အခေါ်ခံခဲ့ရဖူးတဲ့ 2PM အဖွဲ့ဝင် လီဂျွန်ဟို

"ရိန်းအသေးစားလေး" လို့ခေါ်ခံခဲ့ရတဲ့ လီဂျွန်ဟိုကတော့ သီချင်းသီဆိုတာနဲ့ သရုပ်ဆောင်တဲ့ လုပ်ငန်းနှစ်ခုလုံးမှာ ထူးခြားတဲ့အောင်မြင်မှုတွေကို ရရှိခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ 2PM အဖွဲ့နဲ့ ဂီတလောကထဲကို ရောက်လာခဲ့တဲ့ အဆိုတော်-မင်းသား လီဂျွန်ဟိုဟာ “The Red Sleeve” စီးရီးမှာ ဘုရင်ရီဆန်းဖြစ်လာမယ့် အိမ်ရှေ့စံဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ပြီး ပရိသတ်တွေရဲ့ အထူးနှစ်ခြိုက်အားပေးမှုကိုခံခဲ့ရပါတယ်။

fullsizephoto1250443

အဲဒီစီးရီးဟာ ပြိုင်ဘက်စီးရီးတွေထက် နာမည်ကျော်ကြားမှုပိုရခဲ့ပြီး အပိုင်းတစ်ခုချင်းစီတိုင်းမှာလည်း ကိုယ်ပိုင်လူကြည့်နှုန်းစံချိန်တွေကို ချိုးဖျက်ခဲ့ပါတယ်။ လီဂျွန်ဟိုဟာ ၂၀၀၆ ခုနှစ် သူ ၁၇ နှစ်သားအရွယ်မှာ SBS ရဲ့ လူရွေးပွဲအစီအစဉ် “Super Survival” မှာ ပါဝင်ခဲ့ပြီး သူ့ကို ပရိသတ်က စတင်သိရှိခဲ့ပါတယ်။ အနိုင်ရရှိနိုင်ချေ ၁ အချိုး ၆၅၀၀ လောက်ရှိတဲ့ အဲဒီပြိုင်ပွဲမှာ ပထမနေရာရရှိခဲ့ပြီးတဲ့နောက် သူဟာ 'ရိန်းအသေးစားလေ' ဆိုတဲ့ နာမည်ပြောင်ကို ရရှိခဲ့ပါတယ်။

20211202145753656mlvn

သူ့ရဲ့ သီချင်းဆိုလုပ်ငန်းအပြင် သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ လုပ်ဆောင်နေတဲ့ လီဂျွန်ဟိုဟာ ၂၀၁၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Cold Eyes” ရုပ်ရှင်မှာ ထောက်လှမ်းရေးမှူး Daramjwi အဖြစ် စတင်သရုပ်ဆောင်ခဲ့ပြီး သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်မှာ ပါဝင်ခဲ့တဲ့ စီနီယာ မင်းသား ဆောဂျောင်ဂူကတောင် သူ့ရြ့ သရုပ်ဆောင်စွမ်းရည်ကို ချီးကျူးခဲ့ပြီး 'ကြောက်ဖို့ကောင်းတဲ့ တက်သစ်စလေး'လို့တောင် ခေါ်ခဲ့ပါတယ်။

20211202150213994lmpp

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!