Banner Top

Member Area

JYP အင်တာတိန်းမန့်ရဲ့ ဒါရိုက်တာအဖွဲ့ဝင်တွေ ဖြစ်လာတဲ့ 2PM အဖွဲ့ဝင်များ

  •  Micky
  • Category: News

မကြားသေးခင်ကပဲ စာချုပ်သက်တမ်းတိုးချုပ်ဆိုနိုင်ခဲ့ကြပြီဖြစ်တဲ့ 2PM အဖွဲ့ဝင်တွေဟာ JYP အင်တာတိန်းမန့်ရဲ့ ဒါရိုက်တာတွေအဖြစ် ခန့်အပ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာပဲ အေဂျင်စီက အခုလိုပဲ သတင်းထုတ်ပြန်လိုက်ပါတယ်။

"ကုမ္ပဏီအတွင်းမှာ ကြီးစဉ်ငယ်လိုက် အစဉ်မှာ အမြင့်ဆုံးအဆင့်တွေနဲ့ လိုက်ဖက်ညီစွာပဲ 2PM အဖွဲ့ဟာ JYP ရဲ့ ပြင်ပရေးရာနဲ့ ပရိုမိုးရှင်း ဒါရိုက်တာတွေ ဖြစ်လာပါပြီ"

2PM အဖွဲ့ဟာ ၂၀၀၈ ခုနှစ်မှာ ပွဲဦးထွက်ခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ ပထမဆုံးစာချုပ်သက်တမ်းတိုးခဲ့ကြပါတယ်။ ဇန်နဝါရီ ၃၁ ရက်မှာပဲ အဖွဲ့ဝင် ငါးဦးဟာ ဒုတိယအကြိမ်မြောက်အဖြစ် JYP အင်တာတိန်းမန့်နဲ့ ဆက်လက် စာချုပ် ချုပ်သွားမှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ အဖွဲ့ဝင် ထက်ယောင်းရဲ့ စာချုပ်အသစ်ချုပ်ဆိုတဲ့ ကိစ္စကိုတော့ သူစစ်မှုထမ်းပြီးတော့မှပဲ ဆွေးနွေးမယ်လို့ဆိုပါတယ်။

soompi

ဆက်စပ်နေသော ရေးသားချက်များ

Banner Top