Logo
Print this page

STALKER အပေါ် NICHKHUN ရဲ့တရားစွဲဆိုမှုကို ပလပ်လိုက်လို့ ပရိသတ်တွေ ဒေါသထွက်

တရားရုံးက Nichkhun အမှုကို ပယ်ချလိုက်တာဖြစ်ပါတယ်။

မကြာသေးခင်တုန်းက Nichkhun ဟာ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုကို ကျုးကျော်ခဲ့တယ်ဆိုတဲ့ သူ့ရဲ့ Stalker တစ်ယောက်အပေါ် စွဲဆိုထားတဲ့ တရားရုံးအမိန့်ထုတ်ပေးဖို့ တိုင်တန်းခဲ့တာဖြစ်ပါတယ်။ ကံမကောင်းစွာနဲ့ပဲ နိုဝင်ဘာ ၂၄ ရက်မှာ တရားရေးရာ အသိုင်းအဝိုင်းရဲ့အဆိုအရ ဆိုးလ်ဗဟို ခရိုင်တရားရုံးဟာ အဆိုတော်ရဲ့ တောင်းဆိုချက်ကို ပယ်ချခဲ့တယ်လို့ သိရပါတယ်။ တရားရုံးက အနာဂတ်မှာအလားတူကိစ္စရပ်ကို ကျူးလွန်မယ်ဆိုတော့ Stalker မိန်းကလေးအတွက် ဘေးအန္တရာယ်ရှိတယ်လို့တော့ ပြောဖို့ခက်ပါတယ်လို့ ပြောဆိုခဲ့ပါတယ်။


တရားရုံးက "စစ်ဆေးမေးမြန်းမှုအတွင်းမှာ အဲ့ဒီအမျိုးသမီးက Nichkhun နောက်ကနေ တကောက်ကောက်လိုက်ဖို့ ရည်ရွယ်ခဲ့ခြင်းမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအမျိုးသမီးဟာ လွန်ခဲ့တဲ့ ၃ လအတွင်း အလားတူ လုပ်ရပ် ကျူးလွန်ခဲံတယ်ဆိုတဲ့ သက်သေတင်သွင်းလာတာလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် အဲ့ဒီအမျိုးသမီးက Nichkhun ရဲ့ ဆန္ဒကို လွန်ဆန်ပြီး Nichkhun အနား ကပ်တာ၊ ထိတွေ့တာမျိုးလုပ်မယ်ဆိုရင် အဲ့ဒီ Stalker အနေနဲ့ သူ့ရဲ့ ဘဝမှာ နောက်တစ်ကြိမ် နှောင်ယှက်ခြင်းမပြုနိုင်ဖို့ သီးခြားတရားရုံးအမိန့်ကို တောင်းခံနိုင်ပါတယ်။" လို့ဆိုပါတယ်။

ပရိသတ်တွေကတော့ တရားရုံးနဲ့ တောင်ကိုရီးယားရဲ့ ဥပဒေကို စိတ်ပျက်ဒေါသထွက်ကြောင်း ပြသခဲ့ကြပါတယ်။ သူတို့ကတော့ Stalker တွေနဲ့ အစွန်းရောက်ပရိသတ်တွေရဲ့ ရန်ကနေ နာမည်ကျော်ကြားသူတွေကို ကာကွယ်မပေးနိုင်ရလောက်အောင် ဥပဒေဟာ အားနည်းလွန်းတယ်လို့ ဆိုကြပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!