Logo
Print this page

ဂန်ဒန်နီယယ်နဲ့ TWICE အဖွဲ့ဝင် Jihyo တို့လမ်းခွဲလိုက်ပြီ

သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကို အဆုံးသတ်ခဲ့ကြပြီလို့ဆိုပါတယ်။

ဂန်ဒန်နီယယ်နဲ့ TWICE အဖွဲ့ဝင် Jihyo တို့ဟာ သူတို့ရဲ့ အချိန်ဇယားတွေကြောင့် လမ်းခွဲလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ Dispatch ရဲ့သတင်းတစ်ပုဒ် အဆိုအရ ဂန်ဒန်နီယယ်နဲ့ Jihyo တို့ဟာ လူသိရှင်ကြားတွဲခဲ့အပြီး ၁ နှစ်နဲ့ ၃ လအကြာမှာပဲ သူတို့ရဲ့ အချစ်ဇာတ်လမ်းကို အဆုံးသတ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အကြောင်းပြချက်ကတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်နဲ့ တစ်ယောက်တွေ့ဖို့တောင် မအားမလပ်ဖြစ်တောကြောင့်လို့ဆိုပါတယ်။

eheh k87kh

ဂန်ဒန်နီယယ်ရော Jihyo ကပါ Idol တွေဖြစ်ကြတဲ့အတွက် သူတို့နှစ်ယောက်ဟာ Comeback ပြင်ဆင်မှုတွေကြောင့် အလုပ်များလာကြရာကနေ မကြာခဏ တွေ့ဖို့ အချိန် နည်းသထက် နည်းလာခဲ့ပြီး သဘာဝအတိုင်းလေးပဲ ဝေးကွာခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

rgt hhj 5gh4tg
သူတိုနှစ်ဦးလုံးမှာ ရှင်းလင်းတဲ့ရည်မှန်းချက်တွေလည်း ရှိကြပါတယ်။ သူတို့ရဲ့ အယ်လ်ဘမ်တွေအတွက် အာရုံစိုက်လုပ်ဆောင်နေခဲ့ရတာကြောင့် တစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံချိန်နည်းလာခဲ့တာလည်း ဖြစ်ပါတယ်။

"လက်ရှိအချိန်မှာတော့ သူတို့နှစ်ဦးဟာ အလုပ်က ပိုအရေးအကြီးတယ်လို့ ယူဆခဲ့ကြပုံရပါတယ်"
- အတွင်းလူတစ်ဦး


ဂန်ဒန်နီယယ်နဲ့ Jihyo တို့ဟာ ၂၀၁၉ ခုနှစ်၊ သြဂုတ်လမှာ တွဲနေကြပြီလို့ သတင်းထုတ်ပြန်ခဲ့ပြီး မကြာမီအချိန်အတွင်းမှာ အေဂျင်စီနှစ်ခုလုံးက အဲ့ဒီသတင်းကို အတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီအနုပညာရှင်နှစ်ဦးကို စုံစမ်းစစ်ဆေးခဲ့ပြီးတဲ့နောက် JYP အင်တာတိန်းမန့်နဲ့ KONNECT အင်တာတိန်းမန့်တို့က အဲ့ဒီသတင်းကို တုံ့ပြန်ခဲ့ပြီး သူတို့နှစ်ဦးလမ်းခွဲလိုက်ပြီဖြစ်တဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။


"အနုပညာရှင်ကို စစ်ဆေးမေးမြန်းခဲ့ပြီးတဲ့နောက် သူတို့တွေ လမ်းခွဲလိုက်တယ်ဆိုတာ အမှန်ပါပဲ။"
- JYP အင်တာတိန်းမန့်နဲ့ KONNECT အင်တာတိန်းမန့်

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!