Banner Top

Member Area

ဘဝမှာအရေးကြီးဆုံး အမျိုးသမီးနဲ့ ဘူဆန်မှာ ဒိတ်နေတဲ့ ဂန်ဒန်နီယယ်

  •  Micky
  • Category: News

Wanna One အဖွဲ့ဝင် ဂန်ဒန်နီယယ်ဟာ ဘူဆန်မြို့မှာ သူ့ဘဝရဲ့အရေးကြီးဆုံးအမျိုးသမီးနဲ့ အဖိုးတန်အချိန်တွေကို ကုန်ဆုံးနေပါတယ်တဲ့။

5464

 

တခြားလူတော့မဟုတ်ပါဘူး၊ သူ့အမေနဲ့ပါ။ ဖေဖော်ဝါရီ ၁၅ ရက်မှာ ဂန်ဒန်နီယယ်ဟာ ဘူဆန်မြို့လယ်မှာ သူ့အမေနဲ့အတူ ရှော့ပင်းထွက် ပြီး အတူအချိန်ကုန်ဆုံးနေကြတာကို မြင်တွေ့ခဲ့ကြရပါတယ်။ ဂန်ဒန်နီယယ်ဟာ မိခင်ဖြစ်သူနဲ့ အခုလို တွဲသွား တွဲလာလုပ်တာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။ Wanna One အဖွဲ့ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲဲ့ 'Wanna One GO' အစီအစဉ်မှာလည်း သူ့မိခင်နဲ့အတူ အချိန်အတူ ကုန်ဆုံးနေပုံကိုလည်း မြင်တွေ့ခဲ့ကြရပါသေးတယ်။

temp 3acf945d226cd1cafe797c5437bc6d03

 

ဂန်ဒန်နီယယ်ဟာ 'Wanna One အဖွဲ့နဲ့ ပွဲဦးထွက်ခဲ့ပြီးကတည်းက လုံခြုံရေးအကူအညီမပါဘဲ မိခင်ဖြစ်သူနဲ့ အတူ အချိန်ကုန်ဆုံးခဲ့ပါတယ်။ ဂန်ဒန်နီယယ်ဟာ မိခင်ဖြစ်သူနဲ့ အလွန်အနေနီးသူဖြစ်ပြီး ပရိသတ်တစ်ယောက် ရိုက်ကူးထားတဲ့ ဓါတ်ပုံတစ်ခုထဲမှာတောင် သူဟာ သူ့အမေရဲ့ ပုခုံးကို ဖက်ထားတာကို မြင်တွေ့နိုင်ပါတယ်။

temp 94736ad6d2f57845dc34c5b840f6a6d6
KL

ဆက်စပ်နေသော ရေးသားချက်များ

Banner Top