Banner Top

Member Area
Alfread

Alfread

Website URL:

SM Entertainment ရဲ့ ပြတိုက်ထဲမှာ ဘာတွေပြထားမှာလဲ

SM Entertainment ဟာ သူတို့ရဲ့ 'SMTOWN Museum' ကိုဖွင့်လှစ်ပြသဖို့ အဆင်သင့် ဖြစ်နေပါတယ်။ ပရိသတ်တွေကို အံ့သြအောင် မလုပ်နိုင်ရင် အဲဒါ SM အင်တာတိန်းမန့်မဟုတ်ပါဘူး၊ အေဂျင်စီကတော့ သူတို့ရဲ့ 'SMTOWN Museum' နဲ့ ပရိသတ်တွေကို စိတ်လှုပ်ရှားအောင်လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ အဲဒီပြပွဲကို မေ ၄ ရက်နေ့ SMTOWN Coex Artium တတိယထပ်မှာ ပြသဖို့ စီစဉ်ထားပါတယ်။

  • Published in News

ဂျိုဂျောင်ဆော့နဲ့ ယွန်နာတို့ အက်ရှင်ရုပ်ရှင်တစ်ခုတွင် ဦးဆောင်ပါဝင်မည်ဟုအတည်ပြု

ဂျိုဂျောင်ဆော့နဲ့ ယွန်နာတို့ဟာမကြာခင်ရိုက်ကူးမယ့် ရုပ်ရှင်တစ်ခုမှာပါဝင်လာကြတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ 'EXIT’ အမည်ရှိတဲ့ ရုပ်ရှင်မှာခေါင်းဆောင်တွေအနေနဲ့ပါဝင်လာကြမယ်လို့ ဆိုပါတယ်။ဂျိုဂျောင်ဆော့နဲ့ ယွန်နာတို့ဟာမကြာခင်ရိုက်ကူးမယ့် ရုပ်ရှင်တစ်ခုမှာပါဝင်လာကြတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ 'EXIT’ အမည်ရှိတဲ့ ရုပ်ရှင်မှာခေါင်းဆောင်တွေအနေနဲ့ပါဝင်လာကြမယ်လို့ ဆိုပါတယ်။

  • Published in News

'The Ellen DeGeneres Show'အစီအစဉ်မှာသီချင်းသစ် 'Fake Love'ကို BTS အဖွဲ့ဖျော်ဖြေမည်

BTS အဖွဲ့ဟာ'The Ellen DeGeneres Show'အစီအစဉ်မှာတဖန်ပါဝင်လာကြဦးမှာဖြစ်ပါတယ်။ Variety.comမှာမေ ၁ ရက် ဖော်ပြထားချက်အရ BTS အဖွဲ့ဟာမေ ၂၅ ရက်မှာပြုလုပ်မယ့် နာမည်ကျော် အမေရိကန် Talk Show အစီအစဉ်မှာပါဝင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ သူတို့ရဲ့ အယ်လ်ဘမ် အသစ်ဖြစ်တဲ့ 'Love Yourself: Tear'ထဲကသီချင်းတစ်ပုဒ်ဖြစ်တဲ့ "Fake Love" ကိုဖျော်ဖြေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

  • Published in Music

ဇာတ်သိမ်းပိုင်းမှာလူကြည့်နှုန်းအနည်းငယ်တက်လာတဲ့ “Tempted”ဇာတ်လမ်းတွဲ

MBC ရုပ်သံလိုင်းရဲ့ “Tempted”ဇာတ်လမ်းတွဲနဲ့ SBS ရုပ်သံလိုင်းရဲ့ အထူးအပိုင်းလေးပိုင်းပါဝင်တဲ့ “EXIT” ဒရမ်မာတို့ဟာမေ ၁ ရက်မှာဇာတ်သိမ်းသွားခဲ့ပြီ ဖြစ်ပါတယ်။ Nielsen Korea ရဲ့ အဆိုအရ KBS ရုပ်သံလိုင်းရဲ့“The Miracle We Met”ဇာတ်လမ်း တွဲဟာတနင်္လာ-အင်္ဂါပြသနေတဲ့ ဒရမ်မာတွေထဲမှာထိပ်ဆုံးမှာရပ်တည်နေပြီးမေ ၁ ရက်မှာ ပြသခဲ့တဲ့ ထုတ်လွှင့်မှုမှာတော့ လူကြည့်နှုန်း ၁၁ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ပါတယ်။

  • Published in News

ဝူဒိုဟွမ်နဲ့ မွန်ဂါယောင်းတို့ မေတ္တာမျှနေပြီဆိုသောသတင်းကိုသက်ဆိုင်ရာအေဂျင်စီတုန့်ပြန်

“Tempted” ဇာတ်လမ်းတွဲနောက်ဆုံးအပိုင်းကိုထုတ်လွှင့်ပြသခဲ့ပြီး ၂၄ နာရီမပြည့်ခင်မှာပဲအဲဒီဒရမ်မာထဲကအတူတွဲသရုပ်ဆောင်သူတွေ ဖြစ်တဲ့ ဝူဒိုဟွမ်နဲ့ မွန်ဂါယောင်းတို့ မေတ္တမျှနေပြီဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ မေ ၂ ရက်မှာသူတို့နှစ်ဦးတွဲနေကြပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပေမယ့် သူတို့နှစ်ဦးရဲ့ သက်ဆိုင်ရာအေဂျင်စီတွေကတော့ အလျင်အမြန်ပဲ ငြင်းဆိုခဲ့ကြပါတယ်။

  • Published in News

'Rich Man'ဒရမ်မာမှာချမ်းသာတဲ့စီအီးအိုတစ်ဦးအဖြစ် မြင်တွေ့ရမယ့် EXO အဖွဲ့ဝင် ဆူဟို

‘Rich Man’ ဇာတ်လမ်းတွဲဟာဆူဟိုရဲ့ ရုပ်ငြိမ်ဓါတ်ပုံတွေကိုထပ်မံဖြန့်ချိလိုက်ပါတယ်။ ‘Rich Man’ ဇာတ်လမ်းတွဲဟာဆူဟိုရဲ့ ရုပ်ငြိမ်ဓါတ်ပုံတွေကိုထပ်မံဖြန့်ချိလိုက်ပါတယ်။  ဂျပန် ဒရမ်မာ ဖြစ်တဲ့'Rich Man, Poor Woman' ကိုပြန်လည်ရိုက်ကူးမယ့် 'Rich Man' ဒရမ်ာမဟာမျက်နှာမြင်နိုင်စွမ်းရည် မရှိတဲ့ ဝေဒနာကို ခံစားနေရတဲ့ ပါရမီရှင်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးနဲ့ ထူးချွန်တဲ့ မှတ်ဉာဏ်ပိုင်ရှင်အမျိုးသမီတစ်ဦးတို့ကြား မှာအချစ်ဇာတ်လမ်းတစ်ပုဒ်ကိုပုံဖော်မှာဖြစ်ပါတယ်။ 

  • Published in News

၅၄ ကြိမ်မြောက်ဘတ်ဆန်းအနုပညာဆုတွေ ရရှိခဲ့ကြတဲ့ ဂျောင်ဟယ်အင်းနဲ့ ဆူဇီ

၅၄ ကြိမ်မြောက် ဘတ်ဆန်းအနုပညာဆုပေးပွဲအတွက် လူကြိုက်အများဆုံးဆုရှင်တွေကိုသတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။ အမျိုးသားသရုပ်ဆောင် ၂၂ ဦးနဲ့ အမျိုးသမီးသရုပ်ဆောင် ၂၂ ဦးကိုလူကြိုက်အများဆုံးဆုဆန်ခါတင်စာရင်းအတွက် ထုတ်လုပ်ရေးမှူးတွေ၊ ဇာတ်ညွှန်းရေးဆရာတွေ နဲ့ ဒါရိုက်တာတွေအပါအဝင် ဒိုင်လူကြီး ၄၀ ပါဝင်တဲ့ အဖွဲ့တစ်ခုကရွေးချယ်ခဲ့ပါတယ်။

  • Published in News

ဒရမ်မာအသစ်တစ်ခုမှာဆောင်းဂျွန်ဂီနဲ့ ကင်ဂျီဝန်းတို့ ပြန်လည်ဆုံတွေ့နိုင်ဖွယ်ရှိ

မင်းသားဆောင်းဂျွန်ဂီနဲ့ မင်းသမီးကင်ဂျီဝန်းတို့ဟာအခြားဒရမ်မာတစ်ခုမှာအတူတူပါဝင်လာနိုင်ချေရှိနေပါပြီ၊ ဧပြီ ၂၉ ရက်မှာKing Kong by Star ship Entertainment မှ သတင်းရင်းမြစ်တစ်ခုက “ကင်ဂျီဝန်းဟာtvNရုပ်သံလိုင်းရဲ့ ဒရမ်မာ အသစ်တစ်ခုဖြစ်တဲ့ ‘Asadal’အတွက် ကမ်းလှမ်းချက်ကိုလက်ခံရရှိခဲ့ပြီးအကောင်းဘက်ကနေလေ့လာသုံးသပ်နေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဆောင်းဂျွန်ဂီဟာလည်းအဲဒီသမိုင်းနောက်ခံဒရမ်မာမှာပါဝင်ဖို့ ကမ်းလှမ်းခံ ထားရပြီး အခုအထိ ဘာဆုံးဖြတ်ချက်ကိုမှ မချရသေးဘူးလို့ ကြေညာထားပါတယ်။

  • Published in News

SM အင်တာတိန်းမန့်မှ Henry နုတ်ထွက်

Henry ဟာ ဆယ်စုနှစ်တစ်ခုလောက်ကြာပြီးတဲ့နောက်မှာ SM အင်တာတိန်းမန့်နဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ ဧပြီ ၃ဝ ရက်မှာ SM အင်တာတိန်းမန့်က “Henry ရဲ့ အလုံးစုံစာချုပ်ဟာ မကြာသေးမီကပဲ သက်တမ်းကုန် သွားပါပြီ၊ ကောင်းမွန်တဲ့အချက်တွေနဲ့ ကျွန်တော်တို့ အဆုံးသတ်ခဲ့ကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

  • Published in News

Banner Top