Banner Top

Member Area

ကမ္ဘာတဝန်းက ပရိသတ်တွေ ပါဝင်တဲ့ ဂီတဗီဒိယိုကို ဖြန့်ချိခဲ့တဲ့ Kim Hyun Joong

  •  J
  • Category: Music

Kim Hyun Joong ဟာ သူ့ရဲ့ ဒုတိယမြောက် အယ်လ်ဘမ်ဖြစ်တဲ့ "A Bell of Blessing" ကို ၂၀၁၉ခုနှစ်မှာ အကန့်အသတ်နဲ့ ထုတ်ခဲ့တဲ့ ပထမဆုံး Full album"New Way" လိုပဲ ဖြန့်ချိခဲ့ပါတယ်။

Kim Hyun Joong ဟာ သူကိုယ်တိုင် အယ်လ်ဘမ်မျက်နှာဖုံးကိုရေးဆွဲခဲ့တဲ့အပြင် သီချင်းတွေကိုလည်း ကိုယ်တိုင်ရေးစပ်ပြီးစီစဉ်ခဲ့တာပါ။

1603198554 img 49ezl8

ဒီအယ်လ်ဘမ်ဟာ မက္ကဆီကို၊ ရုရှား၊ သီရိလင်္ကာ၊ ချီလီ၊ ရိုမေးနီးယား၊
ဂျပန်၊ ဒိန်းမတ်၊ အီကွေဒေါ၊ ကိုလံဘီယာ၊ ကော့စတာရီကာ၊ စပိန်၊ ပီရူး၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ စင်ကာပူ၊ ထိုင်း၊ မလေးရှားနဲ့
ကာဂျစ်ကစ္စတန်နိုင်ငံတို့ရဲ့ Kpop ITunes ဇယားတွေရဲ့ နံပါတ်၂နေရာမှာ ရပ်တည်နေခဲ့ပါတယ်။

1603199602 img 20201020 120913

ဒါ့အပြင် တောင်အာဖရိက၊ ကနေဒါ၊ပြင်သစ်၊ အမေရိကန်၊ အင်္ဂလန်၊ နယူးဇီလန်၊ ဗီယက်နမ်၊ သြစတေးလျ
ဆောဒီအာရေဗျ နဲ့ အီတလီ နိုင်ငံတွေရဲ့ Top Ten ဇယားတွေမှာလည်း ရှိနေခဲ့ပါတယ်။

သူဟာ ခေါင်းစီးသီချင်း "A Bell of Blessing" ရဲ့ ဂီတဗီဒီယိုကို ထုတ်လွှင့်ခဲ့ပြီး အဲ့ဒီဂီတဗီဒီယိုထဲမှာဆိုရင် ကမ္ဘာတဝန်းမှာ ရှိကြတဲ့ သူ့ပရိသတ်တွေရဲ့ အသံနဲ့ ပုံရိပ်တွေပါဝင်ထားတဲ့ pop-rock သီချင်းတပုဒ်ဘဲ ဖြစ်ပါတယ်။

J

ဆက်စပ်နေသော ရေးသားချက်များ

Banner Top