Banner Top

Member Area

ဒုတိယမြောက် အယ်လ်ဘမ် 'A Bell of Blessing' အတွက် ဓာတ်ပုံတွေ ထုတ်လိုက်တဲ့ Kim Hyun Joong

အဆိုတော်၊ မင်းသား Kim Hyun Joong ဟာ သူ့ရဲ့ ဒုတိယမြောက် တကိုယ်တော်အယ်လ်ဘမ် 'A Bell of Blessing' အတွက် အမြည်းဓာတ်ပုံ အသစ်တွေကို ဖြန့်ချိခဲ့ပါတယ်။

1602641037 5djggxx3fypwg3ffzrdoa56n7a
သူ့ရဲ့ အမြည်းဓာတ်ပုံတွေထဲမှာ Kim Hyun Joong ဟာ သစ်တောထဲမှာ လှည့်ပတ်နေတာ၊ ကမ်းခြေမှာ တည်တည်ငြိမ်ငြိမ်လမ်းလျှောက်နေတဲ့ ပုံစံတွေကို မြင်တွေ့ရပါတယ်။

1602641037 20201012083752 5f83974fceb05 2

အောက်တိုဘာ ၁၉ ရက်၊ ကိုရီးယားစံတော်ချိန် မွန်းတည့် ၁၂ နာရီမှာ ဖြန့်ချိဖို့ ပြင်ဆင်ထားတဲ့ Kim Hyun Joong ရဲ့ 'A Bell of Blessing' အယ်လ်ဘမ်မှာဆိုရင်တော့ ခေါင်းစီးသီချင်းဖြစ်တဲ့ "A Bell of Blessing" သီချင်းအပြင် "I'm a Million" ၊ "This Is Love" န့ "Pure Love" စတဲ့ Single သီချင်းတွေအပါအဝင် သီချင်း ၁၁ ပုဒ် ပါဝင်မှာဖြစ်ပါတယ်။

1602641037 20201014080515 5f8632abab307 1
သူ့ရဲ့ ဒုတိယမြောက်တကိုယ်တော်အယ်လ်ဘမ်နဲ့အတူ Kim Hyun Joong ဟာ အောက်တိုဘာ ၁၇ ရက်နေ့မှာ ထုတ်လွှင့်မယ့် အွန်လိုင်းဖျော်ဖြေမှုကနေတဆင့် ပရိသတ်တွေနဲ့အတူ အချိန်ကုန်ဆုံးဦးမှာဖြစ်ပါတယ်။

1602641037 20201014080515 5f8632abab307 2

အခုတခါ Kim Hyun Joong ဆီကနေ ဘယ်လိုသီချင်းလေးတွေ ကြားရဖို့ မျှော်လင့်နေကြပြီလဲ။

Online Editor

ကိုရီးယား Kpop ချစ်သူများအတွက် ရုပ်သံဇာတ်လမ်းတွဲများ ၊ တေးသီချင်းများ ၊ နာမည်ကျော် ကိုရီးယား ရုပ်ရှင်သရုပ်ဆောင်တို့၏ လတ်တလော ဖြစ်ပေါ်နေသော အကြောင်းအရာများကို Website ပေါ်သို့ ထုတ်လွှင့်တင် ဆက်နေသူဖြစ်သည်။

Website: https://www.facebook.com/thekpoptimes

ဆက်စပ်နေသော ရေးသားချက်များ

Banner Top