Logo
Print this page

IU လိုအနုပညာရှင် ဖြစ်ချင်တယ်လို့ လီဆွန်းဂီပြော

အဆိုတော်လီဆွန်းဂီက IU လိုမျိုး Kpop အနုပညာရှင်ဖြစ်ချင်တယ်လို့ ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၁၆ ရ်မှာထုတ်လွှင့်ခဲ့တဲ့ NAVER NOW ရေဒီယိုအစီအစဉ် 'Lee Seung Gi's Ordinary Man' မှ သူက ငါးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အဆိုတော်တစ်ဦးအနေနဲ့ Comeback လုပ်ခဲ့ရတဲ့ ခံစားချက်ကို ဝေမျှခဲ့ပါတယ်။

201492150 1280
အဲ့ဒီအစီအစဉ်အတွင်းမှာ လီဆွန်းဂီဟာ IU ကို ဖုန်းခေါ်ပြီး နှုတ်ဆက်ခဲ့ပါတယ်။ IU က ဖုန်းကိုင်လိုက်ပြီး မကြာခင်မာပဲ လီဆွန်းဂီက

"ငါမင်းကို တကယ့်ကိုပဲ လေးစားပါတယ်။ ငါ့ရဲ့ စံပြမော်ဒယ်က IU ယောကျာ်းလေး ဗားရှင်းဖြစ်ဖို့ပဲ။ ငါနောက်နေတာမဟုတ်ဘူး။ အရင်တုန်းက မင်းငါ့အတွက် လုပ်ပေးခဲ့တာတွေအတွက်တကယ့်ကိုပဲ ကျေးဇူးတင်ပါတယ်။ သူဟာ တကယ့်ကိုပဲ ထူးခြားတဲ့သူဖြစ်ပါတယ်။"

လို့ဆိုပါတယ်။

အဆိုတော် လီဆွန်းဂီက "ကျနော် စစ်တပ်ထဲမှာ ရှိနေတဲ့အချိန်တုန်းက IU က စစ်တပ်အခြေစိုက်စခန်းဆီကို လာခဲ့ပြီး ကျနော့်ရဲ့ လုပ်ဖော်ကိုင်ဖက် စစ်သားတွေနဲ့ လူတိုင်းအတွက် သီချင်း ၆ ပုဒ်ဆိုပြခဲ့ပါတယ်။" လို့ ရှင်းပြခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ IU က ရယ်မောခဲ့ပြီး လီဆွန်းဂီကို ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်။ ပြီးတော့ အဆိုတော်လီဆွန်းဂီရဲ့ 'The Ordinary Man' သီချင်းနဲ့ပတ်သက်တဲ့ အတွေးအမြင်ကိုလည်း ပြောဆိုခဲ့ပါတယ်။

201492148 1280

IU က "ကျမက 'The Ordinary Man' သီချင်းကို နားထောင်ရတဲ့အခါ တော်တော်လေးကို ပျော်ရွှင်ရပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါက အလွမ်းအဆွေးသီချင်းတစ်ပုဒ်မို့လို့ပါ။ လူတော်တော်များများက အခုလိုမျိုး ရာသီဥတုမှာ အလွမ်းအဆွေးသီချင်းကို နားထောင်ချင်ကြပါတယ်။ အဲ့ဒီလို အရသာနဲ့ ကျေနပ်ဖို့ကောင်းတဲ့ သီချင်းတစ်ပုဒ်လို့ ခံစားရပါတယ်။" လို့ ပြောဆိုခဲ့ပါတယ်။

fgef fge f

လီဆွန်းဂီဟာ လာမယ့်လမှာ သူရဲ့ သတ္တမမြောက် အယ်လ်ဘမ်ကို ဖြန့်ချိဖို့ ပြင်ဆင်နေပါတယ်။

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!