Logo
Print this page

YouTube မှာ ကြည့်ရှုသူ သန်း၁၀၀ပြည့်သွားပြီဖြစ်တဲ့ IU ရဲ့ "eight"

IU သီဆိုထားတဲ့ "eight" သီချင်းရဲ့ ဂီတဗီဒီယိုဟာ YouTube မှာ ကြည့်ရှုသူ သန်း ၁၀၀ ရှိသွားပြီလည်း ဖြစ်ပါတယ်။

အဲ့ဒီဂီတဒီယိုကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၆ ရက်နေ့ ကိုရီးယားစံတော်ချိန် ညနေ ၆ နာရီမှာ ဖြန့်ချိခဲ့တာဖြစ်ပြီး BTS အဖွဲ့ဝင် Suga ပါဝင်သီဆိုထားပါတယ်။

iu

ဂီတဗီဒီယို ဖြန့်ချိပြီး ခြောက်လအကြာ နိုဝင်ဘာလ ၆ ရက် ကိုရီးယားစံတော်ချိန် နံနက် ၄ နာရီ ၅၅ မိနစ် အချိန်မှာတော့ အဲ့ဒီဂီတဗီဒီယိုဟာ ကြည့်ရှုသူ သန်း ၁၀၀ ရှိသွားပြီလည်း ဖြစ်ပါတယ်။ IU ရဲ့ ဂီတဗီဒီယိုတွေထဲမှာ ကြည့်ရှုသူသန်း ၁၀၀ ကို အမြန်ဆုံးရောက်ရှိတဲ့ လေးပုဒ်မြောက် ဂီတဗီဒီယို အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

"BBIBBI” သီချင်းရဲ့ ဂီတဗီဒီယိုဟာ ဖြန့်ချိပြီး ကိုးလနဲ့ ငါးရက်အကြာမှာ ကြည့်ရှုသူ သန်း ၁၀၀ ပြည့်ခဲ့ပြီး “Palette” သီချင်းရဲ့ ဂီတဗီဒီယိုကတော့ ကြည့်ရှုသူသန်း ၁၀၀ ကို ရောက်ရှိခဲ့တဲ့ ပထမဆုံး ဂီတဗီဒီယို ဖြစ်ပါတယ်။ ဒါ့အပြင် မကြာသေးခင်က HIGH4 အဖွဲ့နဲ့ ပူးတွဲသီဆိုထားတဲ့ "Not Spring, Love, or Cherry Blossoms" ဟာလည်း သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့ပါတယ်။

"eight" သီချင်းရဲ့ ဂီတဗီဒီယိုလေးကို တစ်ခါထပ်ကြည့်ပြီး IU ကို ဂုဏ်ပြုလိုက်ရအောင်နော်။

 

 

ဆက်စပ်နေသော ရေးသားချက်များ

Copyright © 2018-2023 The K-Pop Times Media, Myanmar. All Rights Reserved. Developed by OrientWebs!