၃ နှစ်အတွင်း ပထမဆုံးဒရမ်မာ ရိုက်ကူးမယ့် မင်းသား Hyun Bin
- Uchun
- Category: Series/Tv Shows
မင်းသား Hyun Bin ဟာ ဇာတ်လမ်းတွဲတစ်ခုကို ပြန်လည်ရိုက်ကူးတော့မှာဖြစ်ပါတယ်။
SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “Hyde, Jekyll, Me.” ဒရမ်မာနောက်ပိုင်း ၃ နှစ်အတွင်း ပထမဆုံး ဒရမ်မာ ဖြစ်လာမယ့် tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် စိတ်ကူးယဉ် အလွမ်းအဆွေးဒရမ်မာ “Memories of the Alhambra” မှာခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်လာမယ်လို့ တရားဝင်အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ မင်းသား Hyun Bin ဟာ ဇာတ်လမ်းတွဲတစ်ခုကို ပြန်လည်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ SBS ရုပ်သံလိုင်းကနေ ထုတ်လွှင့်ခဲ့တဲ့ “Hyde, Jekyll, Me.” ဒရမ်မာနောက်ပိုင်း ၃ နှစ်အတွင်း ပထမဆုံး ဒရမ်မာ ဖြစ်လာမယ့် tvN ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် စိတ်ကူးယဉ် အလွမ်းအဆွေးဒရမ်မာ “Memories of the Alhambra” မှာခေါင်းဆောင်မင်းသားအနေနဲ့ ပါဝင်လာမယ်လို့ တရားဝင်အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
W ဇာတ်လမ်းတွကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Song Jae Kyung က ရိုက်ပြီး “Stranger” ဇာတ်ညွှန်းရေး ဆရာ Ahn Gil Ho က ရေးသားပေးမယ့် “Memories of the Alhambra” ဒရမ်မာဟာ ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီ စီအီအို ယူဂျင်ဝူးဟာ Granada နို််င်ငံသို့ စီးပွားရေးလုပ်ငန်းခရီးစဉ် အနေနဲ့ သွားရောက်ရင်းနဲ့ ဂျောင်ဟီဂျူ ပိုင်ဆိုင်တဲ့ ဟိုတယ်တခုမှာ နေထိုင်ဖြစ်ခဲ့တဲ့အကြောင်း ဇာတ်အိမ်တည်ရိုက်ကူးမှာဖြစ်ပါတယ်။
မင်းသား Hyun Bin ဟာ ဂိမ်းတွေကိုထုတ်လုပ်တဲ့နေရာမှာ ပါရမီရှိပြီး အင်ဂျင်နီယာဘာသာရပ်မှာ ပါရဂူဘွဲ့ ရရှိထားတဲ့ ယူဂျင်ဝူးနေရာကနေ သရုပ်ဆောင်မှာဖြစ်ပါတယ်။ သူ့ရဲ့ ထက်မြက်တဲ့အကျင့်ကြောင့် သဘောတူညီချက်နဲ့ လုပ်ဆောင်တဲ့အလုပ်တွေမှာ အရှုံးနဲ့ရင်ဆိုင်ရတာမျိုးကို မုန်းတီးပြီး ဘယ်လောက်ပဲ အသေးအမွှားဖြစ်ဖြစ် ဘယ်လောက်ပဲ စွန့်စားရသည်ဖြစ်စေ၊ ယှဉ်ပြိုင်လိုစိတ်ရှိတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူ၏ သစ္စာဖောက်မှုကိုခံခဲ့ရပြီးနောက် သူ့ဘဝ ဖရိုဖရဲဖြစ်ခဲ့ချိန်မှာပဲ Granada ကို စီးပွားရေးကိစ္စနဲ့ ရောက်ရှိလာခဲ့ပါတယ်။
“Memories of the Alhambra” ဇာတ်လမ်းတွဲကို ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်ကာလမှ စတင်ပြသနိုင်ဖို့ စီစဉ်ထားပါတယ်။
soompi
ဆက်စပ်နေသော ရေးသားချက်များ
-
“Crash Landing On You” စီးရီးစုံတွဲ ဟျောင်ဘင်းနဲ့ ဆွန်းယယ်ဂျင်းတို့ လက်ထပ်တော့မယ်
“Crash Landing On You” စီးရီးထဲက ဗိုလ်ကြီး ဂျောင်ဟျော့နဲ့ ဆဲရီတို့ဟာ မကြာခင်လက်ထပ်တော့မှာ ဖြစ်ပါတယ်။
-
ဂျယ်ဂျူးကျွန်းအပါအဝင် နိုင်ငံတခွင် အတူဒိတ်နေခဲ့ကြတဲ့ Hyun Bin နဲ့ Son Ye-jin တို့စုံတွဲ
မင်းသား Hyun Bin နဲ့ မင်းသမီး Son Ye-jin တို့စုံတွဲဟာ ကိုရီးယားနိုင်ငံတဝန်းမှာ အတူဒိတ်နေကြတာကို မြင်တွေ့ခဲ့ရပါတယ်။
-
ဇာတ်ကောင်နာမည်တွေကို ဘူတာရုံနာမည်တွေကနေ ယူပေးထားတဲ့ 'Start-up' ဒရာမာ
tvN ကနေ စနေနဲ့ တနင်္ဂနွေတိုင်း ပြသနေတဲ့ 'Start-up' ဒရာမာ ပရိသတ်တွေဟာ သူတို့ကြည့်နေတဲ့ အဲ့ဒီဒရာမာထဲက ဇာတ်ကောင်တွေရဲ့ နာမည်တွေဟာ တောင်ကိုရီးယားမှာရှိတဲ့ ဘူတာရုံနာမည်တွေကို ယူထားတယ်ဆိုတာ သိရှိခဲ့ရပါတယ်။
-
tvN ရဲ့ ဒရာမာအသစ် “Link” မှာ ပါဝင်ဖို့ ကမ်းလှမ်းခံထားရတဲ့ ကင်ဆွန်းဟို
Start Up ဇာတ်လမ်းတွဲနဲ့ လူသိများကျော်ကြားလာတဲ့ သရုပ်ဆောင်မင်းသား ကင်ဆွန်းဟို ဟာ tvN ရဲ့ ရုပ်သံဇာတ်လမ်းတွဲအသစ်ဖြစ်တဲ့ "Link" မှာ သရုပ်ဆောင်သွားဖို့အတွက် စဉ်းစားနေဆဲလို့ သိရပါတယ်။
-
အရက်မူးပြီး ကားမောင်းသည့် ဖြစ်စဉ်ပြီးနောက် tvN ဒရမ်မာမှ မင်းသား ယွန်းထယ်ယောင်း ဖယ်ရှားခံရ
မကြာမီပြသတော့မယ့် “Dear Husband of 100 Days” ဆိုတဲ့ ဒရမ်မာကနေ အခုလအစောပိုင်းမှာ ဖြစ်ပွားခဲ့ တဲ့ အရက်မူးပြီး ကားမောင်းတဲ့ ဖြစ်စဉ်မှာ မင်းသားဟာ ပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ကပြောကြားခဲ့ပြီးတဲ့ နောက်မှာ ယွန်းထယ်ယောင်းကို ဖယ်ရှားလိုက်တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ မကြာမီပြသတော့မယ့် “Dear Husband of 100 Days” ဆိုတဲ့ ဒရမ်မာကနေ အခုလအစောပိုင်းမှာ ဖြစ်ပွားခဲ့ တဲ့ အရက်မူးပြီး ကားမောင်းတဲ့ ဖြစ်စဉ်မှာ မင်းသားဟာ ပါဝင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ကပြောကြားခဲ့ပြီးတဲ့ နောက်မှာ ယွန်းထယ်ယောင်းကို ဖယ်ရှားလိုက်တာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။
-
Hyun Bin နှင့်အတူ tvN ရုပ်သံလိုင်းမှထုတ်လွှင့်မယ့် ဒရမ်မာမှာ မင်းသမီး ပတ်ရှင်ဟေးပါဝင်မယ်
မင်းသမီးပတ်ရှင်ဟေးနဲ့ မင်းသား ယောင်ဘင်းတို့ဟာ ဒရမ်မာအသစ်တစ်ခုမှာ ဆုံတွေ့ကြရတော့မှာ ဖြစ်ပါတယ်။