ဂျယ်ဂျူးကျွန်းအပါအဝင် နိုင်ငံတခွင် အတူဒိတ်နေခဲ့ကြတဲ့ Hyun Bin နဲ့ Son Ye-jin တို့စုံတွဲ
- Y Nay
- Category: News
မင်းသား Hyun Bin နဲ့ မင်းသမီး Son Ye-jin တို့စုံတွဲဟာ ကိုရီးယားနိုင်ငံတဝန်းမှာ အတူဒိတ်နေကြတာကို မြင်တွေ့ခဲ့ရပါတယ်။
မကြာသေးခင်တုန်းက ဂျယ်ဂျူးကျွန်းမှာနေထိုင်တဲ့ အင်စတာဂရမ်အသုံးပြုသူတစ်ဦးဟာ Hyun Bin နဲ့ Son Ye-jin တို့ လွန်ခဲ့တဲ့ နွေရာသီတုန်းက နံနက်စာလာစာသွားတဲ့အကြောင်းကိုဝေမျှခဲ့ပါတယ်။
သူက "အားလုံးပဲ ကြည့်ပါဦး။ ကျွန်မ Hyun Bin ရဲ့ လက်မှတ်ရထားတယ်။ သူကထိပ်မှာ ကျွန်မရဲ့ နာမည်ကိုတောင်ရေးထားပေးသေးတယ်။ ပြီးတော့ ကျွန်မ Son Ye-jin ရဲ့ လက်မှတ်တောင် ရထားသေးတယ်။" လို့ ပြောကြားခဲ့ပါတယ်။ သူက ဆက်ပြီး "ကျွန်မ သူတို့ကို လူကိုယ်တိုင်သွားတွေ့ခဲ့တာမျိုးမဟုတ်ပါဘူး။ သူတို့က ကျွန်မသူငယ်ချင်းဖွင့်ထားတဲ့ B&B ဆိုင်ကို ပြီးခဲ့တဲ့ နွေရာသီတုန်းက ရောက်ခဲ့တာပါ။ ဇူလိုင်လတုန်းကပါ။ Hyun Bin က အဲဒီဆိုင်ကို မကြာခဏသွားလေ့ရှိပါတယ်။ သူက အဲဒီတုန်းက သူနဲ့အတူ Son Ye-jin ကို ခေါ်လာခဲ့တာ ဖြစ်ပါတယ်။" လို့ဆိုပါတယ်။
အဲဒီအင်စတာဂရမ်ပို့စ်ဟာ တော်တော်လေး လူပြောများခဲ့ပြီးတော့ Hyun Bin နဲ့ Son Ye-jin တို့ကို မြင်တွေ့လိုက်ရတယ်လို့ဆိုတဲ့ နောက်ထပ် အွန်လိုင်းပို့စ်တစ်ခုဟာလည်း ပေါ်လာခဲ့ပြန်ပါသေးတယ်။ အဲဒီပို့စ်ထဲက ပန်းကန်ပြားရဲ့ တစ်ဖက်မှာ Son Ye-jin ရဲ့ လက်မှတ်ရှိနေပြီး တခြားတစ်ဖက်မှာတော့ Hyun Bin ရဲ့ လက်မှတ်ရှိနေတာကိုတွေ့ရပါတယ်။ အဲဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ် ဩဂုတ်လတုန်းက နာမည်ကျော်စားသောက်ဆိုင်တစ်ခုမှာ ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။
အဲဒီဓာတ်ပုံနဲ့အတူ စားသောက်ဆိုင် ပိုင်ရှင်က "သူတို့က ကျွန်တော်တို့ဆိုင် မီနူးပြောင်းတဲ့အချိန်ဖြစ်တဲ့ ဆောင်းဦးကျရင် စားသောက်ဆိုင်ကို ပြန်လာခဲ့ဦးမယ်လို့ ပြောသွားတယ်။" လို့ ရေးသားထားပါတယ်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတုန်းကတော့ သတင်းမီဒီယာ Dispatch က Hyun Bin နဲ့ Son Ye-jin တို့နှစ်ဦးဟာ ချစ်သူဖြစ်နေတာ ၈ လရှိနေပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အဲဒီသတင်းထွက်ပြီး မကြာမီမှာပဲ နှစ်ဖက်လုံးက သူတို့နှစ်ဦးမေတ္တာမျှနေပြီ ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။
ဆက်စပ်နေသော ရေးသားချက်များ
-
“Crash Landing On You” စီးရီးစုံတွဲ ဟျောင်ဘင်းနဲ့ ဆွန်းယယ်ဂျင်းတို့ လက်ထပ်တော့မယ်
“Crash Landing On You” စီးရီးထဲက ဗိုလ်ကြီး ဂျောင်ဟျော့နဲ့ ဆဲရီတို့ဟာ မကြာခင်လက်ထပ်တော့မှာ ဖြစ်ပါတယ်။
-
ဝမ် ၁၀ ဘီလီယံကျော်တန် အဆောက်အဦတွေကို ပိုင်ဆိုင်ထားကြတဲ့ ကိုရီးယားအနုပညာရှင် (၆) ဦး
အခုဖော်ပြမယ့် ကိုရီးယားအနုပညာရှင်တွေကတော့ ဈေးအကြီးဆုံး အဆောက်အဦတွေကို ပိုင်ဆိုင်ထားကြသူတွေဖြစ်ပါတယ်။ -
Hyun Bin နှင့်အတူ tvN ရုပ်သံလိုင်းမှထုတ်လွှင့်မယ့် ဒရမ်မာမှာ မင်းသမီး ပတ်ရှင်ဟေးပါဝင်မယ်
မင်းသမီးပတ်ရှင်ဟေးနဲ့ မင်းသား ယောင်ဘင်းတို့ဟာ ဒရမ်မာအသစ်တစ်ခုမှာ ဆုံတွေ့ကြရတော့မှာ ဖြစ်ပါတယ်။
-
၃ နှစ်အတွင်း ပထမဆုံးဒရမ်မာ ရိုက်ကူးမယ့် မင်းသား Hyun Bin
မင်းသား Hyun Bin ဟာ ဇာတ်လမ်းတွဲတစ်ခုကို ပြန်လည်ရိုက်ကူးတော့မှာဖြစ်ပါတယ်။
-
ဇာတ်လမ်းတွဲမှာ ပထမဆုံးခေါင်းဆောင်မင်းသား အဖြစ်မြင်တွေ့ရမယ့် မင်းသား ဂျောင်ဟယ်အင်း
မင်းသားဂျောင်ဟယ်အင်ကတော့ မကြာခင်မှာပဲ သူ့ရဲ့ ခေါင်းဆောင်မင်းသား အဖြစ် သရုပ်ဆောင်ရတော့မှာ ဖြစ်ပါတယ်၊ JTBC ရုပ်သံလိုင်းကနေ ထုတ်လွှင့်မယ့် 'Pretty Noona Who Buys Me Food' ဆိုတဲ့ ဒရမ်မာမှာ အဓိကမင်းသားအနေနဲ့ ပါဝင်မယ်လို့ အတည်ပြုလိုက်ပါပြီ၊ Noona နေရာမှာတော့ မင်းသမီး ဆွန်းယယ်ဂျင်းက ပါဝင်မှာဖြစ်ပါတယ်၊ 'Goblin'၊ 'While You were Asleep' နဲ့ 'Prison Playbook' တို့လိုမျိုး ဒိတ်ဒိတ်ကြဲ ဇာတ်လမ်းတွဲတွေမှာ ဇာတ်ရံအနေနဲ့ ပါဝင်ခဲ့ဖူးလေတော့ အခုဒရမ်မာကတော့ သူ့အတွက် ပထမဆုံး Lead Role အဖြစ်ပါဝင်လာမှာလည်း ဖြစ်ပါတယ်၊
-
ပတ်ဆောဂျွန်းနဲ့ ဂုံဟျိုဂျင်တို့ ဆိုဂျီဆပ်နှင့် ဆွန်းယယ်ဂျင်းတို့ ရုပ်ရှင်တွင် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မည်
မင်းသားပတ်ဆောဂျွန်းနဲ့ မင်းသမီး ဂုံဟျိုဂျင်တို့ဟာ မင်းသားဆိုဂျီဆပ်နဲ့ မင်းသမီး ဆွန်းယယ်ဂျင်းတို့ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ 'Be with You' မှာ ဧည့်သည်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။