ကွယ်လွန်သူမင်းသမီး ကင်မီဆူးဆီ နွေးထွေးတဲ့သတင်းစကားရေးသားခဲ့တဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူး
ဂျီဆူးကတော့ ကွယ်လွန်သူမင်းသမီး ကင်မီဆူးဆီ နှလုံးသားနဲ့ရေးတဲ့ သတင်းစကားတစ်ခုကို ပါးခဲ့တာဖြစ်ပါတယ်။
- Published in News
ဂျီဆူးကတော့ ကွယ်လွန်သူမင်းသမီး ကင်မီဆူးဆီ နှလုံးသားနဲ့ရေးတဲ့ သတင်းစကားတစ်ခုကို ပါးခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီ ၅ ရက်နေ့မှာ ထွက်ပေါ်လာတဲ့သတင်းတွေရဲ့ အဆိုအရ မကြာမီပြသဖို့ရှိတဲ့ 'Sixth Sense Kiss' ဒရာမာရိုက်ကူးရေးဟာ မင်းသမီး ကင်မီဆူ ကွယ်လွန်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပြီးနောက်ပိုင်း ရပ်နားခဲ့ပါတယ်။
Disney+ ကနေ ထုတ်လွှင့်မယ့် webtoon အခြေခံဒရာမာမှာ မင်းသမီးဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်နေတာလည်း ဖြစ်ပါတယ်။
'Sixth Sense Kiss' ဒရာမာကို 'Tunnel', 'That Man Oh Soo', 'Oh My Baby' စီးရီးတွေရဲ့ ဒါရိုက်တာ နမ်ဂီဟွန်းက ရိုက်ကူးနေတာဖြစ်ပြီးYoon Kyesang နဲ့ Seo Jihye တို့က ခေါင်းဆောင်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြတာလည်း ဖြစ်ပါတယ်။ အခုနှစ်ထဲမှာ Disney+ ကနေ ပြသဖို့ ပြင်ဆင်ထားပါတယ်။
၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မင်းသမီး ကင်မီဆူးဟာ ဇန်နဝါရီ ၅ ရက်နေ့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး မင်းသမီးကွယ်လွန်ရတဲ့အကြောင်းအရင်းကို ထုတ်ပြန်ခဲ့တာမရှိပါဘူး။ သူ့ရဲ့ အေဂျင်စီ Landscape Entertainment ကတော့ ကွယ်လွန်သူရဲ့ မိသားစုဟာ သူ့ကို တလေးတစားနှုတ်ဆက်နိုင်ဖို့အတွက် မင်းသမီးနဲ့ပတ်သက်တဲ့ ကောလာဟလတွေ ထင်မြင်ချက်တွေ မဖြန့်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။ မင်းသမီးရဲ့ ဈာပနအခမ်းအနားကိုလည်း သီးသန့်ကျင်းပမှာလည်း ဖြစ်ပါတယ်။