ကွယ်လွန်သူမင်းသမီး ကင်မီဆူးဆီ နွေးထွေးတဲ့သတင်းစကားရေးသားခဲ့တဲ့ BLACKPINK အဖွဲ့ဝင် ဂျီဆူး
- Y Nay
- Category: News
ဂျီဆူးကတော့ ကွယ်လွန်သူမင်းသမီး ကင်မီဆူးဆီ နှလုံးသားနဲ့ရေးတဲ့ သတင်းစကားတစ်ခုကို ပါးခဲ့တာဖြစ်ပါတယ်။
ဇန်နဝါရီ ၂၀ ရက်မှာ BLACKPINK အဖွဲ့ဝင် ဂျီဆူးဟာ 'Snowdrop' စီးရီးရိုက်ကူးရေးမှာ မင်းသားဂျောင်ဟယ်အင်းရဲ့ ရိုက်ကွင်းဆီ တခြားသရုပ်ဆောင်တွေနဲ့ ဖိတ်ကြားခံရချိန်းအတွင်း သူရိုက်ကူးထားတဲ့ ဖြတ်ထုတ်ထားတဲ့ ဓာတ်ပုံတစ်ခုကို အင်စတာဂရမ် စတိုရီမှာ တင်ခဲ့ပါတယ်။
အဲဒီပုံနဲ့အတူ ဂျီဆူးက ' လူကြီးဘောင်းဘီပွ ဝတ်ဖို့နဲ့ (ဂျောင်ဟယ်အင်း)ဆီ ကိုယ်တိုင်လည်ပတ်ဖို့ဆိုတဲ့ အစ်မမီဆူးရဲ့ ဆန္ဒပြု မစ်ရှင်ကတော့ပြည့်မြောက်ခဲ့ပါပြီ။ သူ့ရဲ့ထူးခြားမှု နဲ့ တခြားသူတွေိကို အမြဲတမ်းပြုံးအောင်လုပ်နိုင်တဲ့ အစ်မပါ။ အားလုံးကထင်ထားကြသလို အစ်မဟာ ထူးခြားတဲ့သူဖြစ်ပါတယ်။ ချစ်တယ်နော်။ အခုပြုံးနေတယ်လို့ ဆုတောင်းပါတယ်၊" လို့ ရေးခဲ့ပါတယ်။
မင်းသမီး ကင်မီဆူးဟာ ဇန်နဝါရီ ၅ ရက်နေ့တုန်းက အသက် ၃၁ နှစ်အရွယ်မှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မင်းသမီးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေ ထင်ကြေးတွေကို မပြုလုပ်ကြဖို့ ပရိသတ်တွေကို အေဂျင်စီက တောင်းဆိုခဲ့ပါတယ်။ မင်းသမီး ကင်မီဆူးဟာ 'Snowdrop' စီးရီးမှာ ယောဂျောင်မင်းနေရာကနေ သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ သူဟာ 'Hi Bye Mama', 'Yumi's Cells', 'The School Nurse Files' တို့လို စီးရီးတွေမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။
ဆက်စပ်နေသော ရေးသားချက်များ
-
ကွယ်လွန်သူ မင်းသမီး ကင်မီဆူး ပါဝင်နေတဲ့ 'Sixth Sense Kiss' ဒရာမာ ရိုက်ကူးရေးကို ခေတ္တရပ်နား
ဇန်နဝါရီ ၅ ရက်နေ့မှာ ထွက်ပေါ်လာတဲ့သတင်းတွေရဲ့ အဆိုအရ မကြာမီပြသဖို့ရှိတဲ့ 'Sixth Sense Kiss' ဒရာမာရိုက်ကူးရေးဟာ မင်းသမီး ကင်မီဆူ ကွယ်လွန်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပြီးနောက်ပိုင်း ရပ်နားခဲ့ပါတယ်။
Disney+ ကနေ ထုတ်လွှင့်မယ့် webtoon အခြေခံဒရာမာမှာ မင်းသမီးဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပါဝင်နေတာလည်း ဖြစ်ပါတယ်။
'Sixth Sense Kiss' ဒရာမာကို 'Tunnel', 'That Man Oh Soo', 'Oh My Baby' စီးရီးတွေရဲ့ ဒါရိုက်တာ နမ်ဂီဟွန်းက ရိုက်ကူးနေတာဖြစ်ပြီးYoon Kyesang နဲ့ Seo Jihye တို့က ခေါင်းဆောင်သရုပ်ဆောင်တွေအနေနဲ့ ပါဝင်ထားကြတာလည်း ဖြစ်ပါတယ်။ အခုနှစ်ထဲမှာ Disney+ ကနေ ပြသဖို့ ပြင်ဆင်ထားပါတယ်။
၁၉၉၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ မင်းသမီး ကင်မီဆူးဟာ ဇန်နဝါရီ ၅ ရက်နေ့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပြီး မင်းသမီးကွယ်လွန်ရတဲ့အကြောင်းအရင်းကို ထုတ်ပြန်ခဲ့တာမရှိပါဘူး။ သူ့ရဲ့ အေဂျင်စီ Landscape Entertainment ကတော့ ကွယ်လွန်သူရဲ့ မိသားစုဟာ သူ့ကို တလေးတစားနှုတ်ဆက်နိုင်ဖို့အတွက် မင်းသမီးနဲ့ပတ်သက်တဲ့ ကောလာဟလတွေ ထင်မြင်ချက်တွေ မဖြန့်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။ မင်းသမီးရဲ့ ဈာပနအခမ်းအနားကိုလည်း သီးသန့်ကျင်းပမှာလည်း ဖြစ်ပါတယ်။
-
'Snowdrop' သရုပ်ဆောင်နဲ့ ဝန်ထမ်းတွေအားလုံးမှာ ကိုဗစ်ပိုးမတွေ့ကြောင်း အတည်ပြု
နိုဝင်ဘာ ၂၅ ရက်မှာ JTBC ရုပ်သံလိုင်းဟာ သူတို့ရဲ့ 'Snowdrop' ဒရာမာအတွက် သရုပ်ဆောင်တွေနဲ့ ဝန်ထမ်းတွေအားလုံးဟာ COVID19 ပိုးမတွေ့ ဆေးစစ်အဖြေထွက်ခဲ့တယ်လို့ မီဒီယာအသီးသီးကို အတည်ပြုလိုက်ပါတယ်။
-
"Snowdrop" ဒရမ်မာမှာ ခေါင်းဆောင်မင်းသမီးအဖြစ် Jisoo ဘယ်လိုမျိုးရွေးချယ်ခံခဲ့ရလဲ
BLACKPINK အဖွဲ့ဝင် Jisoo ဟာ အားလုံးသိကြတဲ့အတိုင်း "Snowdrop" လို့အမည်ရတဲ့ ဒရမ်မာမှာ ပါဝင်သရုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။
-
Jisoo အကြိုက်ဆုံး အင်္ဂလိပ်စာကြောင်းကဘာလဲ
BLACKPINK အဖွဲ့ဟာမကြာသေးခင်က Jimmy Kimmel နဲ့အင်တာဗျူးတစ်ခုလုပ်ခဲ့ပါတယ်။
-
မျက်နှာဖောင်းဖောင်းလေးရဖို့ Jisoo ဘာလုပ်လေ့ရှိသလဲ
အောက်တိုဘာလ ၁၇ ရက်နေ့မှာ JTBC ရဲ့ " Ask Us Anything" အစီအစဉ်ကို BLACKPINK အဖွဲ့ဝင်တွေနဲ့အတူ လာရောက်ခဲ့တဲ့ Jisoo က သူ့အတွက် အရေးကြီးတဲ့နေ့တွေ မတိုင်ခင်ညဘက်မှာ အသင့်စားခေါက်ဆွဲစားလေ့ရှိတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောပြခဲ့ပါတယ်။
-
KeyEast အေဂျင်စီနဲ့ စာချုပ်ချုပ်ဆိုလိုက်တဲ့ မင်းသား ဂျီဆူး
မင်းသား ဂျီဆူးဟာ KeyEast အေဂျင်စီနဲ့ တရားဝင်လက်တွဲလိုက်ပြီဖြစ်ပါတယ်။