Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

သိပ္ပံစိတ်ကူးယဉ် ဒရာမာ 'Alice' မှာ ဂျူဝန်းနဲ့ ကင်ဟီဆွန်းတို့ပါဝင်မယ်

SBS ကနေ သောကြာနေ့ စနေနေ့တိုင်း ထုတ်လွှင့်မယ့် သိပ္ပံစိတ်ကူးယဉ် ‘Alice’ ဆိုတဲ့ ဒရာမာမှာ အဓိက ဇာတ်ဆောင်တွေအဖြစ် မင်းသား ဂျူဝန်းနဲ့ မင်းသမီး ကင်ဟီဆွန်းတို့ ပါဝင်ကြမယ်လို့ အတည်ပြုလိုက်ပြီ ဖြစ်ပြီး လာမယ့်နှစ်အစောပိုင်းမှာ ပြသဖို့ စီစဉ်ထားပါတယ်။

အဲ့ဒီဒရာမာကတော့ သေခြင်းတရားကြောင့် ကွဲကွာခဲ့ရပေမယ့် အချိန်နဲ့ပြောင်းလဲမှုကြောင့် ပြန်လည်ဆုံစည်းခဲ့ရတဲ့အမျိုးသားနဲ့ အမျိုးသမီး အကြောင်း အဓိက ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ်။ 'Alice' လို့ ခေါ်တဲ့ အာကာသတစ်နေရာမှာ အခြေတည်ထားတာ ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ လူတွေက အချိန်နဲ့ ခရီးသွားနိုင်မှာပဲ ဖြစ်ပါတယ်။

အဲ့ဒီဒရာမာထဲမှာတော့ မင်းသား ဂျူဝန်းဟာ စိတ်ခံစားမှုတွေကို ခံစားလို့မရအောင် တားဆီးထားတဲ့ ရောဂါခံစားနေရတဲ့ ထောက်လှမ်းရေးမှုး ပတ်ဂျင်ဂျောင်နေရာကနေ ပါဝင်မှာဖြစ်ပါတယ်။ သူဟာ ‘Alice’ ကနေ ပထမဆုံးဖြတ်သန်းသူဖြစ်ပါတယ်။ 'Alice' ရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို ကာကွယဖို့ ကြိုးပမ်းနေစဉ်မှာပဲ ယွန်ထယ်ရီလို့ခေါ်တဲ့ သေဆုံးခဲ့ပြီဖြစ်တဲ့ သူ့ရဲ့ဇနီးကို ပြန်တွေ့ခဲ့ပါတယ်။

ယွန်းထယ်ရီဟာ ကွယ်လွန်ခဲ့ပြီးတဲ့နောက် အတိတ်ကိုခရီးသွားခဲ့တဲ့ သိပ္ပံပညာရှင်အတုဖြစ်ပြီး ကင်ဟီဆွန်းက သရုပ်ဆောင်မှာပါ။ အချိန်ခရီးသွားမှုဖြစ်စဉ်ဟာ သူဟာ အသက် ၂၀ ကျော်ကနေ ၄၀ ကျော်အထိ ဇာတ်ရုပ်တွေကို သရုပ်ဆောင်ဖို့ရှိနေပါတယ်။ ‘Alice’ အတွက် ရိုက်ကူးရေးကိုတော့ အခုနှစ်ကုန်ပိုင်းမှာ စတင်မှာဖြစ်ပါတယ်။