Log in

ဖိလစ်ပိုင်ဒရာမာမှာ ခေါင်းဆောင်မင်းသမီးအဖြစ် ပါဝင်မယ့် MOMOLAND အဖွဲ့ဝင် Nancy

ဂီတစင်မြင့်တွေပေါ်ကနေ အခုတော့ ရုပ်သံဖန်သားပြင်ပေါ်ကို ပြောင်းရွှေ့တော့မယ့် MOMOLAND အဖွဲ့ဝင် Nancy ကတော့ မကြာခင်ပြသတော့မယ့် ဖိလစ်ပိုင်ဒရာမာစီးရီးတခုကနေ မင်းသမီးတစ်ယောက်အနေနဲ့ တရားဝင်ပွဲဦးထွက်လာတော့မှာဖြစ်ပါတယ်။

Dreamscape အင်တာတိန်းမန့်က Nancy ဟာ Soulmate လို့ နာမည်ပေးထားတဲ့ ဒရာမာစီးရီးတခုမှာ အဓိကမင်းသမီးအနေနဲ့ သရုပ်ဆောင်မှာဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

 

သူဟာ ဂီတသမား၊ ထုတ်လုပ်သူနဲ့ မော်ဒယ်အဖြစ် နာမည်ကျော်တဲ့ ဖိလစ်ပိုင်နွယ်ဖွား သြစတြေးလျ မင်းသား James Reid နဲ့အတူ သရုပ်ဆောင်မှာလည်းဖြစ်ပါတယ်။ MOMOLAND အဖွဲ့ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ABS-CBN Kapamilya Network နဲ့ စာချုပ်လက်မှတ်ရေးထိုးခဲ့ပြီးတဲ့နောက် အခုလိုကြေညာချက်ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။