Log in

မှုခင်းစုံစမ်းရေးဒရာမာမှာ ပါဝင်ဖို့ဆွေးနွေးနေတဲ့ ချာထယ်ဟွန်း

မင်းသား ချာထယ်ဟွန်းဟာ စီးရီးတစ်ခုမှာ ပြန်လည်ပါဝင်လာနိုင်ချေရှိနေပါတယ်။

အောက်တိုဘာ ၂ ရက် မှာ OCN မှ သတင်းရင်းမြစ်တစ်ခုက “ချာထယ်ဟွန်းဟာ OCN ရဲ့ ‘Further Investigation’ ဒရာမာထဲက အဓိကဇာတ်ကောင်အတွက် ကမ်းလှမ်းမှုကိုလက်ခံရရှိထားပါတယ်။ အကောင်းဘက်ကနေ သုံးသပ်နေပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

‘Further Investigation’ ဒရာမာဟာ အမှုတစ်ခုလိုက်ရာမှာ အဖြေမပေါ်မချင်း ဘယ်တော့မှ အရှုံးမပေးတဲ့ မှုခင်းတပ်ဖွဲ့ထဲမှ ရဲစုံစမ်းရေးမှူး ဂျင်ဂန်ဟိုအကြောင်း ရိုက်ကူးမယ့် မှုခင်းအက်ရှင်စုံစမ်းရေး ဒရာမာဖြစ်ပါတယ်။

တကယ်လို့သာ မင်းသားချာထယ်ဟွန်းအနေနဲ့ အဲ့ဒီဇာတ်ရုပ်ကို လက်ခံဖြစ်မယ်ဆိုရင်တော့ KBS ကနေ ထုတ်လွှင့်ခဲ့တဲ့ “Matrimonial Chaos” ဒရာမာနောက်ပိုင်း နှစ်နှစ်နီးပါးအတွင်း ပထမဆုံး ပြန်လည်ရိုက်ကူးမယ့် ဒရာမာ ဖြစ်လာမှာပါ။ပြီးခဲ့တဲ့ မတ်လတုန်းကလည် ရုပ်သံအစီအစဉ်တွေကို လက်ခံတော့ကြောင့် ကြေညာခဲ့ပြီးတဲ့နောက် သူ့ကို ဖန်သားပြင်ပေါ် ပြန်လည်မြင်တွေ့ရမယ့် အစီအစဉ်လည်း ဖြစ်ပါတယ်။ OCN ကတော့ “Further Investigation” ဒရာမာကို လာမယ့် ၂၀၂၀ ပြည့်နှစ် ပထမနှစ်ဝက်ကာလမှာ ပြသဖို့ စီစဉ်ထားပါတယ်။ Ilgan Sports သတင်းရဲ့အဆိုအရ အဲ့ဒီဒရာမာကို မတ်လနှောင်းပိုင်းမှာ ပြသမယ်လို့ လည်း သိရပါတယ်။