Log in

တာထွက်ကောင်းခဲ့တဲ့ “Tale Of Nok-Du” ဒရာမာ

KBS2 ရုပ်သံလိုင်းကနေ ပြီးခဲ့တဲ့ စက်တင်ဘာလ ၃၀ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ “Tale Of Nok-Du” ဒရာမာကတော့ တာထွက်ကောင်းခဲ့တယ်လို့ ဆိုနိုင်မှာပါ။

“Tale Of Nok-Du” ဒရာမာဟာ ဂျိုဆွန်းခေတ်က အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဇာတ်အိမ်တည်ထားပါတယ်။ ထူးဆန်းတဲ့ မုဆိုးမရွာကို ဝင်ရောက်ဖို့အတွက် မိန်းကလေး အသွင်ဟန်ဆောင်ခဲ့ရတဲ့ ဂျောင်နို့ဒူနဲ့ အပျိုတော်အဖြစ်ဖို့ လေ့ကျင့်နေရတဲ့ ဒုံဒုံဂျူတို့အကြောင်း ဖြစ်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့မှာ Nielsen Korea ရဲ့အဆိုအရ “Tale of Nok-Du” ရဲ့ အပိုင်း ၁ ဟာ လူကြည့်နှုန်း ၅ ဒဿမ ၆ နဲ့ ၇ ဒဿမ ၁ ရာခိုင်နှုန်း အသီးသီးရှိခဲ့ပြီး သူ့အရှေ့မှာ ပြီးဆုံးခဲ့တဲ့ “I Wanna Hear Your Song” ဒရာမာ နောက်ဆုံးအပိုင်းထက် ၃ ဒဿမ ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့တယ်လို့ ဆိုပါတယ်။

JTBC ကနေ ထုတ်လွှင့်နေတဲ့ “Flower Crew: Joseon Marriage Agency” ဒရာမာဟာလည်း လူကြည့်နှုန်း ၃ ဒဿမ ၁ ရာခိုင်နှုန်းရှိခဲ့ပြီး tvN ရဲ့ “The Great Show” ကတော့ ၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။