Log in

tvN ရဲ့သမိုင်းမှာ ကြည့်ရှုနှုန်းအမြင့်ဆုံး ရရှိခဲ့တဲ့ "Hotel Del Luna" ဒရာမာ

"Hotel Del Luna" ဟာ tvN ရဲ့သမိုင်းမှာ ကြည့်ရှုနှုန်းအမြင့်ဆုံးရရှိတဲ့ ဒရာမာဖြစ်လာခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ မင်းသားချောလေး Yeo Jin Goo နဲ့ မင်းသမီးချောလေး IU တို့ပါဝင်သရုပ်ဆောင်ခဲ့တဲ့ "Hotel Del Luna" ဟာ ဒရာမာတစ်ခုလုံးအတွက် ပျမ်းမျှကြည့်ရှုနှုန်း ၁၂% ရရှိခဲ့ပါတယ်။

TV channel တွေပိုမိုများပြားလာတာနဲ့အမျှ web ဒရာမာရိုက်ကူးမှုတွေဟာလည်း ကြည့်ရှုနှုန်း ၁၀% ကျော်ရရှိတာဟာ လွယ်ကူတဲ့အောင်မြင်မှုမဟုတ်ပါဘူး။

သို့သော်လည်း ယခင်က ဒါဟာ ၄၉.၄% ထိရရှိခဲ့တဲ့ နာမည်ကျော်ဒရာမာတွေအတွက် ကြည့်ရှုနှုန်းတွေရဲ့ တိကျတဲ့ခြားနားမှုဖြစ်ပါတယ်။

အမှန်တကယ်မှာ "I Live Alone" လိုနာမည်ကျော်ရသစုံရှိုးမျိုးတွေမဟုတ်တဲ့အခါ ပြောင်းလဲမှုမရှိ ကြည့်ရှုနှုန်း ၅%ကျော်ရရှိတဲ့ပရိုဂရမ် များများစားစားမရှိပါဘူး။

ဒါပေမယ့်လည်း "Hotel Del Luna" ဒရာမာဟာ tvN ရဲ့ရိုက်ကူးရေးသမိုင်းမှာ မှတ်တိုင်စိုက်ထူနိုင်ခဲ့ပြီး ဒရာမာထုတ်လုပ်မှုနဲ့အတူ အများအပြားစိတ်ဝင်စားခြင်းခံခဲ့ရပြီး အောင်မြင်ခဲ့ပါတယ်။

LAK/TheKpoptimes

Related Posts

Latest from The Kpop Times