Log in

'At Eighteen' ဒရာမာမှာ လိင်တူချစ်သူအဖြစ်သရုပ်ဆောင်ထားတဲ့ Moonbin

'At Eighteen' ဒရာမာကတော့ လှည့်ကွက်တစ်ခုကို ထုတ်ပြလိုက်ပါပြီ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ 'At Eighteen' ဒရာမာရဲ့ အပိုင်း ၁၃ မှာ ASTRO အဖွဲ့ဝင် Moonbin သရုပ်ဆောင်ထားတဲ့ ဂျောင်အိုဂျယ်ဟာ သူရဲ့ ရည်းစားဟောင်း ဂွမ်ဒါဟီးကို ရုတ်တရက် ဖွင့်ပြောခဲ့တာဖြစ်ပါတယ်။ လမ်းခွဲရတဲ့ တိကျရှင်းလင်းတဲ့ အကြောင်းအရင်းနဲ့ ပတ်သက်လို့ ဂျောင်အိုဂျယ်ဟာ နောက်ဆုံးမှာတော့ သူ့စိတ်ခံစားချက်တွေကို ထုတ်ပြောလိုက်တာပါ။ အဲ့ဒါကတော့ ဂွမ်ဒါဟီးတစ်ယောက် အာဟာရချို့တဲ့လို့ကျောင်းဆေးခန်း ရောက်ရာကနေ အဲ့ဒီအဖြစ်အပျက်လေး ဖြစ်ခဲ့ရတာပါ။

image 1567475340470 1567475340470

အိုဂျယ်ဟာ ဒါဟီးဟာ သတိရလာပြီဖြစ်တဲ့အတွက် ထွက်သွားမလို့ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားရတာ အပြစ်ရှိတယ်လို့ ခံစားလာရလို့ သူသဘောကျတာ ယောကျာ်းလေး ဖြစ်တဲ့အကြောင်း ထုတ်ပြောလိုက်တာပါ။ အိုဂျယ်က “ငါ သဘောကျနေတဲ့ သူရှိတယ်။ မိန်းကလေးမဟုတ်ဘူး။” လို့ ပြောလိုက်တာပါ။

image 1567475349370 1

အဲ့ဒီအချိန်မှာပဲ ဒါဟီးဟာ အံ့သြသွားခဲ့ပြီး ပြောစရာစကားမရှိဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူရဲ့ ရည်းစားဟောင်း အိုဂျယ် သဘောကျနေတယ်ဆိုတာ ဟီယောင်းလားဆိုပြီး မေးမြန်းခဲ့ပါတော့တယ်။ ကဲ အဲ့ဒီဇာတ်ဝင်ခန်းကို မကြည့်ရသေးရင် အောက်မှ လင့်လေးကနေ တဆင့်လည်း ကြည့်နိုင်ပါတယ်။