Log in

Season 2 ဆက်ပြဖို့ မရှိတဲ့ 'Hotel Del Luna'

tvN ရုပ်သံကနေ ထုတ်လွှင့်ခဲ့တဲ့ 'Hotel Del Luna' ဒရာမာကတော့ Season 2 ရှိနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို ငြင်းဆိုသွားခဲ့ပါတယ်။

အဲ့ဒီဒရာမာဟာ စက်တင်ဘာ ၁ ရက်နေ့မှာ အပိုင်း ၁၆ နဲ့ အဆုံးသတ်သွားခဲ့ပြီဖြစ်ကြပြီး နောက်ဆုံးအပိုင်းမှာ ကေဘယ်ရုပ်သံလိုင်းတွေကြား လူကြည့်နှုန်း ၁၂ ရာခိုင်နှုန်းနဲ့ ဒီနှစ်အတွက် လူကြည့်အများဆုံး tvN ဒရာမာဖြစ်လာခဲ့ပါတယ်။

အောက်ပါအကြောင်းအရာမှာ Spoiler ပါဝင်နိုင်ပါတယ်။

အခုဒရာမာအဆုံးသတ်မှာတော့ 'Hotel Blue Moon' လို့ခေါ်တဲ့ ဟိုတယ်အသစ်တစ်ခု ပေါ်လာခဲ့ပြီး မင်းသား Kim Soo Hyun ကတော့ အဲ့ဒီဟိုတယ်ပိုင်ရှင်အသစ်အနေနဲ့ ပါဝင်လာခဲ့ပါတယ်။ သူက “လက ထွက်လာပြီ။ စီးပွားရေးလုပ်ကြစို့။” လို့ ပြောဆိုခဲ့ပါတယ်။ အဲ့ဒီဇာတ်ဝင်ခန်းကြောင့် ပရိသတ်တော်တော်များများက 'Hotel Blue Moon' ဟာ 'Hotel Del Luna' ရဲ့ Season 2 ဖြစ်လာနိုင်တယ်။ Kim Soo Hyun ဟာ အဓိကသရုပ်ဆောင် ဖြစ်လာနိုင်တယ်ဆိုပြီး ခန့်မှန်းပြောဆိုတာတွေရှိခဲ့တာပါ။

ဒါပေမယ့် tvN ကတော့ “ဒုတိယမြောက် Season ဖြစ်နိုင်ချေနဲ့ ပတ်သက်လို့ ဘာကိုမှ ဆွေးနွေးထားတာ မရှိပါဘူး။” လို့ ပြောဆိုခဲ့ပါတယ်။