Log in

Her Private Life ဒရာမာကို ကြည့်သင့်တဲ့အချက်ငါးချက်

Park Min Young နဲ့ Kim Jae Wook တို့ အချစ်ဟာသဇာတ်မြူးဒရာမာ Her Private Life မှာ ပါဝင်မယ်ဆိုကတည်းက K-drama ပရိသတ် တွေစိတ်လှုပ်ရှားခဲ့ကြပါတယ်။

လှပပြီး အရည်အချင်းရှိတဲ့ Park Min Young ကို Kim Jae Wook နဲ့အတူ ခေါင်းဆောင်မင်းသား မင်းသမီးနေရာမှာတွေ့ရတာ တကယ်စိတ်လှုပ်ရှားစရာပါ။ သူတို့နှစ်ယောက်ပါဝင်ကတည်းက တကယ်ကို အောင်မြင်တဲ့ဇာတ်လမ်းတွဲဖြစ်မယ်ဆိုတာ သိသာပါတယ်။ ပထမနှစ်ပိုင်းလောက်ကြည့်လိုက်တာနဲ့ ဒီဇာတ်လမ်းတွဲဟာ တကယ်ကိုအောင်မြင်ပြီဆိုတာသိနိုင်ပါတယ်။
ကဲ အခု Her Private Life ကို ဘာလို့ကြည့်သင့်တယ်ဆိုတဲ့ အချက်ငါးချက်ကိုပြောပြမယ်နော်။

 

1.Kim Jae Wook ရဲ့ သြဇာတိက္ကမနဲ့ပြည့်စုံတဲ့ဇာတ်ရုပ်

1 Shwe


"Voice"ဇာတ်လမ်းတွဲထဲက ဆိုက်ကိုဖောက်နေတဲ့ဇာတ်ရုပ်နဲ့တော်တော်ကွာတာပါ။ဒီဇာတ်လမ်းတွဲမှာ သူဟာတည်ြငိမ်ပြီးကြည့်ကောင်းတဲ့ဇာတ်ရုပ်ပါ။ကြည့်ကောင်းတဲ့ Noh Sun Gi အဖြစ် "Coffe Prince" မှာပါဝင်တုန်းကလဲတကယ်ကိုလှပခဲ့တာကြောင့် ခန့်ညားမှုဆိုတာ သူအပိုင်ရထားတဲ့အရာပါနော်။

Ryan Gold ဟာ Kim Jae Wook ကို ကျွန်တော်တို့ဖြစ်စေချင်တဲ့ဇာတ်ရုပ်မျိုးပါ။တကယ်ကိုစိတ်လှုပ်ရှားစရာပါ။ Kim Jae Wook ရဲ့တည်ငြိမ်ပြီး သြဇာတိက္ကမနဲ့ဘယ်လိုပြည့်စုံနေတယ်ဆိုတာကလဲ Her Private Life ကိုကြည့်သင့်တဲ့ အကြောင်းအရာ တစ်ခုပါနော်။

2.Park Min Young ရဲ့ ဖျော်ဖြေမှုရှိတဲ့ ဇာတ်ရုပ်

2KaungM


Park Min Young ဆိုတာနဲ့ ဘယ်ဇာတ်လမ်းတွဲမှာဖြစ်ဖြစ်အမှားမရှိပဲ သရုပ်ဆောင်နိုင်မယ်ဆိုတာကို ယုံကြတယ် မလား။သူဟာ ဘယ်ဇာတ်လမ်းတွဲကိုမဆို အောင်မြင်မှုမှာအခြေအနေတစ်ခုထိရအောင်စွမ်းဆောင်ပေးနိုင်ပါတယ်။သူ့ရဲ့ဇာတ်ကောင် Sung Duk Miဟာ မျှော်လင့်ထားသလိုပါပဲ။အထူးသဖြင့် သူ့ဇာတ်ရုပ်လို လူမျိုးတွေအပြင်မှာတကယ်ရှိတာပါ။

Sung Duk Mi ဟာ ပြတိုက်တာဝန်ခံပါ။ ဒါပေမယ့် သူအားလပ်ချိန်တွေမှာတော့ သူဟာ White Ocean ဆိုတဲ့အဖွဲ့က Cha Si An (ONE)ရဲ့ ပရိသတ်လုပ်ပါတယ်။ပြီးတော့ သူ့မှာ သူချစ်တဲ့အနုပညာရှင်ကို ဘယ်လိုအားပေးရမယ်ဆိုတဲ့ အလုပ်မှာလဲတဆရာကျပါတယ်။ နောက်လာမယ့်အပိုင်းတွေမှာ Deok Mi ရဲ့ fangirl ဘဝနဲ့ လက်ရှိဘဝကအချစ်ရေးကိုဘယ်လိုမျှချေညီအောင်လုပ်မယ်ဆိုတာလည်း စိတ်ဝင်စားစရာပါ။ ဒါပေမယ့် သူဘယ်လောက် ဖျော်ဖြေတတ်လဲဆိုတာ မြင်ပြီးကြပြီမလား။

3.ONE ကို ခန့်ငြားတဲ့ အနုပညာရှင် Si An အဖြစ် မြင်တွေ့ရခြင်း

3SIM


ONE အတွက် တကယ်ပြည့်စုံတဲ့ ဇာတ်ရုပ်ပါ။ သူဇာတ်ရုပ်ကိုကြည့်မယ်ဆိုရင် ONE ဟာ နောင်တစ်ချိန်မှာ အောင်မြင်မှုမှတ်တိုင်းစိုက်ထူနိုင်မယ်လို့ ထင်ရပါတယ်။ Si An ဇာတ်ရုပ်ကတော့ သူနဲ့တကယ်လည်းသင့်တော်တဲ့ဇာတ်ရုပ်ပါ။ Sung Duk Mi ရဲ့ ချစ်တာကိုခံရတဲ့ ခန့်ညားတဲ့ idol ။တကယ်ကိုကောင်းမွန်တဲ့ဇာတ်ရုပ်ပါ။

4.Kim Jae Wook နဲ့ Park Min Young ကြားကဆက်ဆံရေး

CCP
သူတို့နှစ်ယောက်ပါဝင်ကတည်းက တကယ်စိတ်လှုပ်ရှားစရာကောင်းခဲ့တာပါ။ ဇာတ်ညွှန်းဖတ်ပွဲက ပုံတွေထွက်လာပြီးနောက် စိတ်လှုပ်ရှားမှုကိုထိန်းဖို့ပိုခက်လာတယ်မလား။ဇာတ်လမ်းတွဲပိုစတာတွေ အမြည်းတွေထွက်လာတော့ တကယ်ကို အပျော်လွန်ခဲ့ရပါတယ်။ ဒီဇာတ်လမ်းတွဲဟာ တကယ်ကို စိတ်မပျက်စေရပါဘူး။ Ryan ဟာ Duk Mi ကို ဆေးရုံမှာလက်ကိုဖမ်းဆွဲလိုက်တဲ့ အခန်းမှာ အကုန်လုံးရင်ခုန်ခဲ့ကြရတယ်မလား။

5.Duk Mi ဟာ ဘယ်လို ဆက်စပ်မှုတွေရှိနေလဲ။

DKM

 


Bias ရှိတဲ့လူတိုင်း Duk Mi လို ကိုယ့်ရဲ့လှပတဲ့ Fangirling အိပ်မက် ကို အပြင်ဘဝနဲ့ဆက်စပ်ကြည့်သင့်တယ်။ ဒါဟာ သူလုပ်ပေးနိုင်တဲ့ပမာဏအဆုံးမဟုတ်ပေမယ့် Si An ရဲ့ ပရိသတ်တစ်ယောက် အနေနဲ့သူလုပ်ပေးနိုင်တဲ့ပမာဏအနည်းငယ်ကိုသူလုပ်ပေးနေတာပါ။အဲ့လိုဖြစ်နိုင်ဖို့ အရင်ကတည်းက မင်မင်စိတ်ကူးယဉ်ခဲ့ရတာပါ။ ချစ်ရတဲ့ K-Pop အဖွဲ့ရဲ့ဖျော်ဖြေပွဲကိုသွားမယ်။ ပြီးတော့ အဲ့ဒီပွဲကအပြန် အမှတ်တရ ပစ္စည်းတစ်ခုနှစ်ခုပြန်ယူလာမယ်။
Idol အတွက် fansite တစ်ခုကို စိတ်နှစ်ပြီးလုပ်ပေးထားမယ်။ဒါပေမယ့် သင့် BFF နဲ့သာအတူ Fangirling လုပ်ဖို့မမေ့နဲ့နော်။

#BB