Log in

တစ်ချိန်မှာ CEO တစ်ယောက်ဖြစ်လာနိုင်တဲ့ အားကျဖွယ် အရည်အချင်းများ

Girls' Generation ရဲ့ အဖွဲ့ဝင် Seohyun ဟာ CEO တစ်ယောက်ဖြစ်လာခဲ့မယ်လို့ ပရိသတ်တွေက အချိန်တွေအကြာကြီး ယုံကြည်နေခဲ့ကြတာပါ။

သူ့ရဲ့ နာမည်အစား "CEO hyun" လို့တောင် ခေါ်ခဲ့ကြတဲ့အထိ ယုံကြည်မှုတွေ ခိုင်မာနေကြတာပါ။ Girls' Generation ရဲ့ အဖွဲ့ဝင် Seohyun ဟာ CEO တစ်ယောက်ဖြစ်လာခဲ့မယ်လို့ ပရိသတ်တွေက အချိန်တွေအကြာကြီး ယုံကြည်နေခဲ့ကြတာပါ။ သူ့ရဲ့ နာမည်အစား "CEO hyun" လို့တောင် ခေါ်ခဲ့ကြတဲ့အထိ ယုံကြည်မှုတွေ ခိုင်မာနေကြတာပါ။ 

သူဟာ အေဂျင်စီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်အဖြစ် ဦးဆောင်လိမ့်မယ်လို့ တစ်ချို့က မယုံကြည်ခဲ့ကြတဲ့ အတောအတွင်းမှာ တစ်ချို့ကတော့ သူ့ကိုအောင်မြင်စေမယ့် အရည်အချင်းတစ်ခု ရှိနေတယ်လို့ ယုံကြည်ကြပါတယ်။
ဒါပေမယ့် ဘယ်အရာက Seohyun ကို CEO ကောင်းတစ်ယောက်ဖြစ်လာစေမှာလဲ။ အဓိကအချက်တွေထဲက ဖြစ်နိုင်တာတွေကတော့ သူ့မှာ ညဏ်ပညာရှိမှု ၊ ရင့်ကျက်မှု နဲ့ အပြုအမူကောင်းတွေရှိပါတယ်။ Seohyun ဟာ တည်ငြိမ်ပြီး အလုပ်တစ်ခုကို အောင်မြင်စေတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ရှိနေတယ်လို့ ပရိသတ်တွေက သတိထားမိခဲ့ကြပါတယ်။ 

CEO 2
ဒီလိုအမူအကျင့်တွေကြားမှာ သူမဟာ အကျော်ကြားဆုံးပါ။ ဒါတွေအပြင် CEO ကောင်းတစ်ယောက် ဖြစ်လာမယ့် အမူအကျင့်တွေရှိသူလို့လည်း ကျော်ကြားပါတယ်။ 
သရုပ်ဆောင်အလုပ်မှာလည်း ကျွမ်းကျင်တဲ့သူပါ။ ဘယ်အလုပ်မဆို အကောင်းဆုံးကြိုးစားပြီး လုပ်ဆောင်ပါတယ်။ 

CEO 3
Seohyun ရဲ့ CF တော်တော်များများဟာ ဘယ်အလုပ်မဆို လေးလေးနက်နက်လုပ်ဆောင်တဲ့ အချက်လိုမျိုး သူမရဲ့ အရည်အချင်းတွေကို ပေါ်လွင်နေပါတယ်။ 
Seohyun ဟာ လူတစ်ယောက်ချင်းစီအပေါ်မှာလည်း နားလည်မှုရှိတဲ့သူတစ်ယောက်ပါ။ TTS ရဲ့ခေါင်းဆောင်ဖြစ်ပေမယ့် လည်း Tiffany ၊ Taeyeon တို့ အများတစ်ခုခုလုပ်မိတဲ့အခါ ဘယ်တော့မှ မဆူခဲ့ပါဘူး။ ဒါပေမယ့် ဘာပြဿနာ တွေရှိနေလဲဆိုတာကိုတော့ နားလည်အောင် ရှာဖွေတဲ့သူပါ။ 

CEO 4


Seohyun မှာ အခြေအနေနဲ့ကိုက်ညီတဲ့ လူမှုဆက်ဆံရေးတစ်ခုရှိရုံတင်မက နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ တစ်ချို့နေရာတွေမှာလည်း အတွေ့အကြုံတွေရှိပါတယ်။ မြောက်ကိုရီးယားဟာ 2018 PyeongChang Winter Olympics မှာပါဝင်လာတဲ့အခါ Seohyun ဟာ မြောက်ကိုရီးယားအနုပညာအဖွဲ့နဲ့အတူ ကိုရီးယား နှစ်နိုင်ငံပေါင်စည်းခြင်း အနေနဲ့ လက်တွဲဖျော်ဖြေခဲ့ပါတယ်။


Seohyun ဟာ နိုင်ငံရေးတွေမှာလည်း စိတ်ဝင်စားပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် Ban Ki Moon ဟာ သူ အတုယူရတဲ့သူဖြစ်ကြောင်း ပြောခဲ့ပါတယ်။ 
Seohyu ရဲ့အခြားအမူအကျင့်တစ်ခုကတော့ အခြားအဖွဲ့ဝင်တွေက သူတို့အကြောင်းတွေကို ဖော်ပြခိုင်းတဲ့အခါ သူမရဲ့ ထင်မြင်ချက်တွေကို ရှင်းရှင်းလင်းလင်း ဖော်ပြတတ်တာပါ။ 


Seohyun ဟာ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ဘယ်လိုညီမျှအောင်လုပ်ရမလဲဆိုတာကိုလည်း သိတဲ့သူပါ။ Harper's Bazaar နဲ့ အင်တာဗျူးမှာ အလုပ်အပေါ်မှာသာ ဘယ်လိုအာရုံစိုက်ရမယ် ဒါပေမယ့် ကိုယ်ပိုင်အချိန်တွေလိုအပ်တယ်ဆို တာကိုလည်း တစ်ဖြည်းဖြည်း သင်ယူခဲ့ရတယ်ဆိုတာကို သိခဲ့ရပါတယ်။ အလုပ်ဖိအားတွေမရှိမယ့် သူ့ရဲ့ စောင့်ရှောက်မှုအောက်မှာ idol အသစ်တွေပေါ်ထွက်လာဖို့ သူမရဲ့ယုံကြည်မှုတွေက သေချာအောင်လုပ်ပေးပါလိမ့်မယ်။

CEO 1
"ညီမျှမှုကို ရှာတွေ့ခဲ့ပြီလို့ ကျွန်မပြောသင့်လား? ကျွန်မ အလုပ်တွေရဲ့နောက်မှာသာ လိုက်ရှာခဲ့လိမ့်မယ် ၊ ဒါပေမယ့် အခု ဘာကိုမှလိုက်ပြီးမခံစားဖို့ ဂရုစိုက်ပါတယ် ၊ ဘာဖိအားမှ မရှိတဲ့အချိန်တွေဟာ ပိုပိုပြီး တန်ဖိုးရှိနိုင်တယ်ဆိုတာကို ကျွန်မ အခု နားလည်လာပါတယ် ၊ ပွဲဦးထွက်ခဲ့အချိန်မှာ အဆိုတော်အလုပ်ဟာ ကျွန်မဘဝရဲ့ အရာအားလုံးလို့ ထင်ခဲ့တယ် ၊ ဒါပေမယ့် အခုအချိန်မှာ ဒီအလုပ်ဟာ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလို့ပဲ ခံစားလာရတယ် ၊ ဒီအတောအတွင်းမှာ ကျွန်မ အကောင်းဆုံးကြိုးစားနေဆဲပေမယ့် မိသားစု နဲ့ သူငယ်ချင်းတွေအပေါ်မှာလည်း ဂရုစိုက်နေပါတယ်" လို့ Seohyun ကပြောခဲ့ပါတယ်။

နောက်ဆုံးမှာ Seohyun က လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့အိပ်မက်တွေရှိတယ်ဆိုတာကို နားလည်လာပါတယ်။ ဒါဟာ သူမ လူတိုင်းအပေါ်မှာ နားလည်ပေးပြီး သူတို့ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်တဲ့အခါ ကူညီပေးဖို့အတွက် သေချာနေပါတယ်။
"၁၀ နှစ်ကြာပြီးတဲ့နောက် Girls' Generation မှာ ကျွန်မတို့ရဲ့ အနာဂတ်အတွက် မတူညီတဲ့ မျှော်လင့်ချက်တွေရှိကြမယ်ဆိုတာနားလည်လာပြီး လေးစားမှုရှိလာပါတယ်" လို့လည်းပြောခဲ့ပါသေးတယ်။

Seohyun မှာ CEO ကောင်းတစ်ယောက်ဖြစ်လာမယ့် ကောင်းမွန်တဲ့အရည်အချင်းတွေ ရှိပါတယ်။

#mee/TheKpopTimes