Log in
updated 6:01 AM UTC, Nov 15, 2019
Headlines:

အကြိုက်ဆုံး စီနီယာ Idol နဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့ကြတဲ့ ဂျူနီယာ Idol များ

ကိုယ်အကြိုက်ဆုံး Idol နဲ့ တွေ့ဆုံရရုံတင်မဟုတ်ပဲ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေ ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လိုနေမလဲ။

အနုပညာရှင်တော်တော်များများဟာ သူတို့ကြိုက်နှစ်သက်တဲ့ အခြားအနုပညာရှင်တွေကို ပြောပြခဲ့ဖူးပါတယ်။ ပွဲဦးထွက်ခဲ့ပြီးနောက်ပိုင်း သူတို့ရဲ့ Idol တွေနဲ့ သူငယ်ချင်းတွေဖြစ်လာပြီး သူတို့ရဲ့အိပ်မက်တွေကို အမှန်တကယ်ဖြစ်လာစေခဲ့ကြပါတယ်။

သူတို့ Idol တွေရဲ့ ပရိသတ်တစ်ယောက် ၊ နောက်ပြီး သူငယ်ချင်းတွေဖြစ်လာတဲ့ နာမည်ကြီး idol တွေကို ကြည့်လိုက်ရအောင်။

Jeon Somi နဲ့ Minzy

Minzy Jeon Somi


2NE1 ကိုမြင်ပြီးနောက် အဆိုတော်တစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်လာခဲ့တယ်လို့ Jeon Somi ကပြော ခဲ့ပါတယ်။ JYP အေဂျင်စီရဲ့ အသံစစ်ပြိုင်ပွဲမှာ 2NE1 သီချင်းတစ်ပုဒ်ကို ဆိုခဲ့ပြီး အေဂျင်စီထဲကို ဝင်ခွင့်ရခဲ့ပါတယ်။ Jeon Somi ဟာ 2NE1 ရဲ့အဖွဲ့ဝင်ဟောင်း Minzy နဲ့အတူ KBS 2TV ရဲ့ "Sister's Slam Dunk Season 2" မှာပါဝင်လာခဲ့ပြီး ရင်းနှီးလာရင်း သူငယ်ချင်းတွေဖြစ်လာခဲ့ကြပါတယ်။

SHINee ရဲ့ Key နဲ့ BoA

BoA Key


Key ဟာ BoA ရဲ့ ပရိသတ်အကြီးစားတစ်ယောက်ဖြစ်ပြီး BoA ရဲ့ fancafe မှာ သူ့ရဲ့ပို့စ်မှတ်တမ်းတွေ ရှိပါတယ်။ BoA ရဲ့ လုပ်ဖော်ကိုင်ဖက်အနေနဲ့ AM ကုမ္ပဏီမှာ ပွဲဦးထွက်ခဲ့ပြီးနာက် ရှိုးပွဲတွေမှာ အတူပါဝင်ဖျော်ဖြေလာရင်း ရင်းနှီးလာခဲ့ကြပါတယ်။

INFINITE ရဲ့ Sunggyu နဲ့ Nell

Nell Sunggyu


Sunggyu ဟာ Nell အဖွဲ့ကြောင့် အဆိုတော်တစ်ယောက် ဖြစ်ချင်လာခဲ့တာပါ။ ကော်ဖီဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်းလုပ်နေတုန်းက Sunggyu ဟာ Nell ရဲ့ မန်နေဂျာနဲ့တွေ့ခဲ့ပြီး အသံစစ်ဝင်ပြိုင်ဖို့အတွက် အခွင့်အရေးရခဲ့ပါတယ်။ သူဟာ လက်မှတ်ထိုးထားတဲ့ CD ရဖို့မျှော်လင့်ရင်း ပြိုင်ပွဲကိုသွားခဲ့ပါတယ်။ အသံစစ်မှုကို အောင်မြင်ပြီး Nell နဲ့အတူ အေဂျင်စီတစ်ခုတည်းရဲ့ လက်အောက်မှာ နေခွင့်ရခဲ့ပါတယ်။

Sunmi ၊ Chungha ၊ Lee Dae Hwi နဲ့ Red Velvet ရဲ့ Seulgi

Seulgi Chungha Sunmi Lee Dae Hwi


Chungha ၊ Lee Dae Hwi နဲ့ Seulgi တို့ဟာ Sunmi ရဲ့ပရိသတ်တွေဆိုတာ မကြာခဏ ပြောပြခဲ့ကြပါတယ်။ Lee Dae Hwi ဟာ Sunmi ရဲ့ "နာမည်ကြီးပရိသတ်" လို့ လူသိများပြီး "Secret Sister" ရသစုံရှိုး ရိုက်ကူးပြီးနောက်ပိုင်း Seulgi ဟာ Sunmi နဲ့ ရင်းနှီးလာခဲ့ပါတယ်။ Chungha ဟာ Sunmi နဲ့ "Weekly Idol" မှာတွေ့ဆုံခဲ့ပြီး Sunmi ဟာ သူ့ကို အကြံညဏ်တွေ ၊ နှစ်သိမ့်မှုတွေပေးပြီး အစ်မတစ်ယောက်လိုပဲ လို့ ထုတ်ပြောခဲ့ပါတယ်။

သူတို့ရဲ့ရင်းနှီးမှုဟာ ပူးပေါင်းမှုတစ်ခုကိုဖြစ်လာစေခဲ့ပြီး Sunmi ၊ Lee Dae Hwi နဲ့ Seulgi တို့ဟာ "2018 KBS Song Featival" မှာ "Heroine" သီချင်းကို ပူးပေါင်းဖျော်ဖြေခဲ့ကြပါတယ်။

BTS ရဲ့ Suga နဲ့ Epik High

Suga Epik High

 


အရင်အင်တာဗျူးတွေမှာ Suga ဟာ Epik High ရဲ့ သီချင်းတွေကို နားထောင်ပြီး ရက်ပ်ပါ တစ်ယောက် ဖြစ်ချင်ခဲ့တာလို့ ပြောပြခဲ့ဖူးပါတယ်။ အဲ့ဒီနောက်ပိုင်း Suga ဟာ Epik High နဲ့ရင်းနှီးလာခဲ့ပြီး ဂီတပူးပေါင်း ဖန်တီးမှုတွေ ရှိလာခဲ့ပါတယ်။

Epik High ရဲ့ "No Thanxxx" မှာ ပါဝင်ခဲ့ပြီးနောက် Suga ဟာ အဖွဲ့ရဲ့ အယ်လ်ဘမ်အသစ် "sleepless in __" မှာ ထုတ်လုပ်သူတစ်ယောက်အနေနဲ့ ပါဝင်သွားမှာပါ။

PENTAGON ရဲ့ Wooseok နဲ့ Lai Kuanlin

Wooseok Lai Kuanlin


Mnet ရဲ့ "Produce 101 Season 2" မှာ Lai Kuanlin ဟာ သူ့ရဲ့ Cube အေဂျင်စီက လုပ်ဖော်ကိုင်ဖက် Wooseok လိုဖြစ်ချင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ Wooseok လိုဖြစ်ချင်တယ်လို့ ပြောခဲ့ပြီး Wooseok ရဲ့ အရပ်နဲ့ ရက်ပ်ရွတ်ခြင်း ကျွမ်းကျင်မှုကို ချီးကျူးခဲ့ပါတယ်။

အဲဒီကတည်းက သူငယ်ချင်းတွေဖြစ်လာပြီး "9801" ဆိုတဲ့ အယ်လ်ဘမ်နဲ့အတူ နှစ်ယောက်ပေါင်း အဖွဲ့တစ်ဖွဲ့အဖြစ် ပွဲဦးထွက်လာပါလိမ့်မယ်။

EXO ရဲ့ Xiumin နဲ့ TVXQ ရဲ့ Changmin

Xiumin Changmin


Xiumin ဟာ Changmin အပေါ် သူ့ရဲ့လေးစားမှုကို မကြာခဏပြောလေ့ရှိပါတယ်။ TVXQ အဖွဲ့က သူ့ကို Idol တစ်ယောက်ဖြစ်လာဖို့ တွန်းအားဖြစ်စေခဲ့ပြီး ဒီအဖွဲ့ကြောင့် SM ကုမ္ပဏီကို ရောက်လာခဲ့တာလို့ ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း နှစ်ယောက်အတူတူ ရသစုံရှိုးတွေမှာ ပါဝင်လာခဲ့ပြီး "I Live Alone" အစီအစဉ်မှာ ဂျယ်ဂျူ ကျွန်းကိုတောင် ခရီးအတူသွားခဲ့ကြပါတယ်။

BTS ရဲ့ V နဲ့ Park Ji Hoon

V Park Ji Hoon


Park Ji Hoon က V ဟာ သူ့ရဲ့စံပြမော်ဒယ်လ်တစ်ယောက်ဖြစ်ပြီး စင်မြင်ပေါ်က V ရဲ့မျက်နှာအမူအရာတွေကို လေးစားအားကျတယ်လို့ ပြောခဲ့ပါတယ်။ နောက်ပိုင်းမှာ နှစ်ယောက်အတူ စကားတွေပြောရင်း ဂိမ်းတွေလည်း ဆော့ခဲ့ကြပြီး ဆုပေးပွဲစင်မြင့်တွေပေါ်မှာလည်း အပြန်အလှန်အားပေးခဲ့ကြပါတယ်။

Teen Top ရဲ့ Ricky နဲ့ JBJ95 ရဲ့ Kenta

Rocky Kenta


Kenta ဟာ Teen Top အဖွဲ့ကိုအတုယူပြီး K-Pop idol တစ်ယောက်ဖြစ်လာခဲ့တာပါ။ Teen Top သက်တမ်းရင့်ပရိသတ်တစ်ယောက်အဖြစ် နာမည်ကြီးပြီး "I'm Japan's Ricky" လို့ရေးထားတဲ့ ရှပ်အင်္ကျီကို အဖွဲ့ရဲ့ fan sign ပွဲကိုဝတ်သွားခဲ့ဖူးပါတယ်။

စကိတ်စီးခြင်းအကြောင်း အတူတူရိုက်ကူးခဲ့ပြီးနောက် Ricky နဲ့ရင်းနှီးလာခဲ့ပြီး နာမည်ကြီးပရိသတ်တ စ်ယောက် ဖြစ်လာခဲ့ပါတယ်။ Ricky ဟာ JBJ ရဲ့ ၂၀၁၇ က ပွဲဦးထွက်စင်မြင့်ကိုလည်း သွားရောက်အားပေးခဲ့ပါတယ်။
#mee