Log in

Idol အရောင်ကြောင့် ပါးပြောင်ခဲ့ကြတဲ့ ထုတ်ကုန်ပစ္စည်း (၇) မျိုး

အခုပြောပြမယ့် အနုပညာရှင်တွေကတော့ ပစ္စည်းတွေကို ကိုယ်တိုင်သုံးပြီးပဲဖြစ်စေ ကြော်ငြာတာပဲဖြစ်စေ အဲ့ဒီလိုလုပ်တဲ့အခါမှာ သူတို့ဟာပရိသတ်အပေါ်လွှမ်းမိုးမှုကောင်းလို့ ပစ္စည်းကိုအရမ်းအောင်မြင်သွားစေတဲ့အနုပညာရှင် ၇ ယောက်အကြောင်းနဲ့

ပစ္စည်း (၇) မျိုးအကြောင်းပါ။အခုပြောပြမယ့် အနုပညာရှင်တွေကတော့ ပစ္စည်းတွေကို ကိုယ်တိုင်သုံးပြီးပဲဖြစ်စေ ကြော်ငြာတာပဲဖြစ်စေ အဲ့ဒီလိုလုပ်တဲ့အခါမှာ သူတို့ဟာပရိသတ်အပေါ်လွှမ်းမိုးမှုကောင်းလို့ ပစ္စည်းကိုအရမ်းအောင်မြင်သွားစေတဲ့အနုပညာရှင် ၇ ယောက်အကြောင်းနဲ့ ပစ္စည်း (၇) မျိုးအကြောင်းပါ။


1.EXO ရဲ့ Kai

EXO Kai

EXO က Kai ဟာ "The Big Issue" မဂ္ဂဇင်းရဲ့ မျက်နှာဖုံးရှင်မော်ဒယ်အဖြစ်ရိုက်ကူးခဲ့တဲ့အခါမှာ ၂၀၁၇ မှာ မဂ္ဂဇင်းရောင်းအားဟာ စံချိန်တင်ခဲ့ပြီး အစပိုင်းမှာတင် အုပ်ရေ ၁၅၀၀၀ တောင် မိတ္တူ ကူးခံခဲ့ရပါတယ်။ပိုပြီး ကော်ပီ ကူးထုတ်ပေမယ့်လည်း ခဏတွင်းမှာပဲရောင်းကုန်ခဲ့ပါတယ်။ Kai ဟာ "The Big Issue" ကို ကော်ပီအုပ်ရေ ၂၈၀၀၀ လောက်ရောင်းရအောင်ကူညီခဲ့ပါတယ်။ မဂ္ဂဇင်းကလည်း ရရှိတဲ့အမြတ်အချို့ကို ကိုးရီးယားက အိမ်ခြေယာမဲ့တွေရဲ့ဘဝကိုပြန်ထူထောင်နိုင်အောင်လှူဒါန်းခဲ့ပါတယ်။


2.G-Dragon

GDragon

G-dragon ဟာ VANS က အားကစားဖိနပ်ကို ဖက်ရှင်တစ်ခုအနေနဲ့ဝတ်ကတည်းက ပရိသတ်တွေဟာ "Style 36" ဖိနပ်ကို VANS ရဲ့ အပြင်ဆိုင်တွေကနေသာမက အွန်လိုင်းက ဆိုင်တွေကနေပါ အသည်းအသန် ဝယ်ကြပါတော့တယ်။ ပြီးတော့ G-Dragon ဟာ VANS ရဲ့ "Old Skool" နှင့် "Sk8HI" စတိုင်ဖိနပ်တွေကိုလည်း ဝတ်ပြီးတော့ ရောင်းအားတက်အောင်ကူညီပေးခဲ့ပါသေးတယ်။


3.Apink ရဲ့ Naeum

APink

Apink အဖွဲ့ဝင် Naenum ဟာ Adidas ရဲ့ မော်ဒယ်လုပ်ခဲ့တဲ့အခါမှာ ပရိသတ်တွေဟာ အားပေးမှုကြမ်း ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း Adidas ဟာကိုးရီးယားမှာထိပ်တန်း brand တစ်ခုအနေနဲ့ရှိနေတာပါ။ အကဗီဒီယိုမှာ Naeum ဟာ Adidas တံဆိပ်ကိုဝတ်ဆင်ခဲ့ရုံနဲ့ Adidas ဟာ ကိုးရီးယားမှာ လူသိများခဲ့ တာပါ။ သူဟာ တရားဝင်မော်ဒယ်မဖြစ်ခင်ကတည်းက Adidas အသုံးအဆောင်တွေကိုသုံးခဲ့တာပါ။


4.Wanna One ရဲ့ Kang Daniel

WannaOne

သူဟာ လေဆိပ်သွားတုန်းက အညိုရောင် ကုတ်အကျီၤတစ်ထည်က်ကိုဝတ်ဆင်ခဲ့ပါတယ်။ အဲ့ဒီ အမျိုးအစားအကျီၤဟာ ခြောက်ကြိမ်မြောက်ထုတ်လုပ်တဲ့အရေအတွက်အကုန်ရောင်းရပြီး ခုနစ်ကြိမ်မြောက်ထုတ်လုပ်ချိန်မှာ Kang ဟာ အဲ့ဒီအကျီၤရဲ့တံဆိပ် "LAP" ရဲ့တရားဝင်မော်ဒယ်ဖြစ်လာခဲ့ပါတယ်။ Kang ရဲ့ ပရိသတ်ကိုလွှမ်းမိုးနိုင်အားကောင်းတာကြောင့် LAP ကတောင် သူ့ရဲ့ပုံစံနဲ့လိုက်ဖက်တဲ့ ဆွယ်တာတွေသက်သက်ထုတ်ဖို့စီစဉ်နေပါတယ်။


5.YoonA 

YooA

 

သူဟာ "Hyori" ရဲ့ Bed and Breakfast မှာ မနက်စာဝေဖာလုပ်ပြခဲ့ပြီး ဝေဖာလုပ်တဲ့စက်အကြောင်းနည်းနည်းအသေးစိတ်ပြောပြပေးခဲ့ပါတယ်။ အဲ့ဒီအထူးအပိုင်းပြသပြီးနောက်မှာ ကိုးရီးယားက ရှာဖွေရေးပရိုဂရမ်တွေမှာ "waffle machine"အကြောင်းရှာဖွေမှုအများဆုံးဖြစ်ခဲ့ပါတယ်။ Cuisinart ရဲ့ "Vertical Waffle Machine"လို့ခေါ်တဲ့ စက်ဟာ ကိုးရီးယားမှာ မနက်စာအတွက်ဆိုင်တွေမှာလိုဝေဖာကောင်းကောင်းစားရဖို့မျှော်လင့်ချက်တွေနဲ့ ဝယ်ယူသူများခဲ့ပါတယ်။

 


6.Suzy

Suzy

နာမည်ကြီး တံဆိပ်တွေတောင်မှ လူကြိုက်များမယ့်ဒီဇိုင်းထုတ်တဲ့နေရာမှာတောင် အရွေးမှားရင်မှားကြသေးတာပါပဲ။ ဒါပေမယ့်လည်း မော်ဒယ်အရွေးမှန်ရင် ရောင်းကောင်းနိုင်ပါသေးတယ်။ BEAN POLE ရဲ့ Kakao Friends နဲ့တွဲဖက်လုပ်ခဲ့တဲ့အိတ်ဒီဇိုင်းဟာ အဲ့ဒီလိုအဖြစ်ဖြစ်ခဲ့ပါတယ်။ဝယ်သူတွေဟာ ဒီဇိုင်းပုံစံကိုသိပ်မကြိုက်ကြပေမယ့် BEAN POLE ဟာ မော်ဒယ် အဖြစ်Suzyကိုငှါးရမ်းခဲ့ပြီး ရောင်းရအောင်လုပ်ခဲ့ပါတယ်။ Suzy ဟာ သူကိုယ်တိုင် ဒီဇိုင်းဆွဲထားတဲ့ "Bonnie" အိတ်တွေကိုလည်း ရောင်းအားကောင်းအောင်လုပ်ပေးနိုင်ခဲ့ပါတယ်။


7.INFINITE ရဲ့ Sungkyu

Infinity

Sungkyu တစ်ယောက် သူ့လက်ထဲမှာ Innifrees ရဲ့ "Creamy Tint Lipstick#14" ကိုကိုင်ထားခဲ့တုန်းက သူရဲ့ပရိသတ်တွေဆီကို ဒီနှုတ်ခမ်းနီကိုရောင်းနိုင်လိမ့်မယ်လိုထင်ထားမှာတောင်မဟုတ်ပါဘူး။သူဟာ အဲဒီ့နှုတ်ခမ်းနီကိုဆိုးပြီးတဲ့အခါမှာ ပရိသတ်တွေဟာ နှစ်လိုဖွယ်ကောင်းတဲ့ နှုတ်ခမ်းလေးကိုသဘောကျတာကြောင့် အဲ့ဒီနှုတ်ခမ်းနီကိုအလုအယက်ဝယ်ကြပါတော့တယ်။

#BB/TheKpopTimes

Related Posts

Latest from Alfread