Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

နွေးထွေးသော ဆောင်းရာသီကာလအတွက် လှူဒါန်းပွဲကို တက်ရောက်ခဲ့ကြတဲ့ အနုပညာရှင်များ

နိုဝင်ဘာ ၁၅ ရက်မှာ မင်းသမီး လီနာယောင်း၊ မင်းသား ပတ်ဆောဂျွန်း၊ မင်းသား လီဂျင်ဝုနဲ့ မင်းသား ဂျောင်ဟယ်အင်းတို့ဟာ ပြည်တွင်းဖက်ရှင် Brand တွေ တော်တော်များများကို သယ်ဆောင်ပေးနေတဲ့ ကုမ္ပဏီတခုဖြစ်တဲ့ Shinsung Tongsang ကနေ ကျင်းပတဲ့ လှူဒါန်းပွဲတခုကို တက်ရောက်ခဲ့ပါတယ်။

အဲ့ဒီ ပရဟိတပွဲကနေ ကုမ္ပဏီဟာ ON Air ရှပ်အကျီ၊ အပူထိန်းပေးမယ့် အပေါ်ဝတ်အကျီတွေကို လိုအပ်နေတဲ့ သူတွေ ထံ လှူဒါန်းပေးမှာဖြစ်ပါတယ်။ အဲ့ဒီ နာမည်ကျော်လေးဦးတက်ရောက်ရတာကတော့ Shinsung Tongsang ကနေ သယ်ဆောင်ပေးနေတဲ့ ဖက်ရှင် Brand တွေရဲ့ မော်ဒယ် ဖြစ်နေလို့ပါပဲ။

မင်းသမီး လီနာယောင်းက “ပထမဆုံးအနေနဲ့ ဒီလိုမျိုး နှလုံးသားနွေးထွေးတဲ့ ပွဲတခုမှာ ကျမကို ဖတ်ကြားတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ မကြာခင် ဆောင်းရာသီရောက်တော့မယ်လို့ သူတို့တွေက ပြောပါတယ်။ ON Air နဲ့အတူ လူတွေဟာ နွေးထွေးတဲ့ ဆောင်းရာသီကို အချိန်ကုန်ဆုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နွေးထွေးတဲ့ ဆောင်းရာသီဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။” လို့ ဆိုပါတယ်။

Lee Na Young XPN

မင်းသား ပတ်ဆောဂျွန်းက “ဒီလိုမျိုး အဓိပ္ပါယ်ရှိတဲ့ပွဲကို ဖိတ်ကြားခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။ ဒီလိုမျိုး ကောင်းမွန်တဲ့အရာတစ်ခုကို လုပ်ဆောင်ရမှာ ပါဝင်ရတာဟာ ကျနော့် နှလုံးသားကို နွေးထွေးစေပါတယ်။ ဒီနေ့မနက်အစောပိုင်းအထိ ကျနော်က ရိုက်ကူးရေးလုပ်နေတာပါ။ ဒီနှစ်အတွက် ပထမဆုံး နှင်းတွေကြားထဲမှာ ရိုက်ကူးရေး လုပ်နေခဲ့တာပါ။ အရမ်းအေးပါတယ်။ ဒီလိုမျိုး ဆောင်းရာသီမှာ ကျနော်တို့ဘေးနားမှာ ရှိတဲ့လူတွေကို ပိုသတိထားမိလာကြစေဖု့ိ အားလုံးသိစေနိုင်မယ့် အကြောင်း ဖြစ်လာပါစေလို့ ကျနော် မျှော်လင့်ပါတယ်။ နောက်ထပ်တစ်ကြိမ်ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။

Park Seo Joon xpn

မင်းသား လီဂျင်ဝုက “ဒီလိုမျိုး အဓိပ္ပါယ်ရှိတဲ့ အခမ်းအနားမှာ ပါဝင်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။ ကျနော့် နှလုံးသားကို နွေးထွေးစေခဲ့ပါတယ်။ OB Air နဲ့အတူ နွေးထွေးတဲ့ ဆောင်းရာသီကို ကုန်ဆုံးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။” လို့ဆိုပါတယ်။

Lee Jin Wook XPN

မင်းသား ဂျောင်ဟယ်အင်းက “ပိုမိုနွေးထွေးတဲ့ ဆောင်းရာသီကို ဖန်တီးနိုင်မယ့် အဓိပ္ပါယ်ရှိတဲ့ ပွဲတစ်ခုမှာ ပါဝင်ရတဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်။ ဒီအခမ်းအနားကြောင့် ကျနော့်ဘေးနားမှာ ရှိတဲ့သူတွေကို ဂရုစိုက်သင့်တယ်လို့ နားလည်သဘောပေါက်လာပါတယ်။ ကျနော်အခု ON Air ကို ဝတ်လာတာပါ။ အရမ်းနွေးပါတယ်။ပိုမိုနွေးထွေးတဲ့ ဆောင်းရာသီဖြစ်လာစေဖို့ ON Air က ကူညီပေးနိုင်လိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်။ ကျေးဇူးတင်ပါတယ်။” လို့ပြောကြားခဲ့ပါတယ်။

Jung Hae In XPN