Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

မကြာမီ စစ်မှုထမ်းတော့မယ့် Seungri

  •  
  •  Written by Micky
  •  Published in News

Seungri ဟာမကြာခင်မှာ စစ်မှုထမ်းတော့မယ်လို့ဆိုပါတယ်။

နိုဝင်ဘာ ၁၄ ရက်မှာ Kakao Talk စကားပြောခန်းမှာ ပါဝင်ခဲ့တဲ့ FTISLAND အဖွဲ့ဝင် Jonghun နဲ့ Jung Joonyoung တို့ဟာ ထောင်ဒဏ် အပြစ်ဒဏ်ကျခံခဲ့ရပြီး ဖြစ်ပါတယ်။ ဒါပေမယ့် အလားတူဂယက်တွေမှာ ပါဝင်ခဲ့တဲ့ Seungri ကိုတော့ တိုက်ရိုက်ပြစ်ဒဏ်ချမှတ်ခဲ့တာမျိုးမရှိခဲ့ဘူးလို့ သတင်းတွေမှာဆိုပါတယ်။ သတင်းတွေရဲ့အဆိုအရကတော့ Seungri ဟာ မကြာခင် စစ်မှုထမ်းတော့မယ်လို့ သိရပါတယ်။

'Burning Sun' အမှုအတွက်တော့ တရားရုံးဟာ Seungri ကိုအပြစ်ပေးနိုင်ဖို့ သက်သေအလုံလောက်မရှိဘူးလို့ မကြာသေးခင်က စီရင်ချက်ချထားပါတယ်။ ရဲတပ်ဖွဲ့ကတော့ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို လေးစားမယ်ဆိုတဲ့ အကြောင်း ထုတ်ပြန်ခဲ့ပြီး ဆက်စပ်နေတဲ့ တဦးချင်းပုဂ္ဂိုလ်တွေကို ဖမ်းဝရမ်းထုတ်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောဆိုထားပါတယ်။