Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

“Time 100 Next” စာရင်းမှာပါဝင်လာတဲ့ BLACKPINK

  •  
  •  Written by Micky
  •  Published in News

BLACKPINK အဖွဲ့ဟာ TIME မဂ္ဂဇင်းရဲ့ တက်သစ်စလွှမ်းမိုးနိုင်မှုရှိတဲ့ စတားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။

နိုဝင်ဘာ ၁၃ ရက်မှာ မဂ္ဂဇင်းကနေစီးပွားရေး၊ ဖျော်ဖြေရေး၊ အားကစား၊ နိုင်ငံရေး၊ သိပ္ပံနဲ့ တခြားနယ်ပယ်ရဲ့ အနာဂတ်ကို ပုံဖော်နေကြတဲ့ တက်သစ်စ စတား ၁၀၀ စာရင်းကိုဖော်ပြထားတဲ့ “TIME 100 Next” စာရင်း အသစ်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီစာရင်းဟာဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ လွှမ်းမိုးနိုင်မှုအရှိဆုံး လူပုဂ္ဂိုလ်တွေရဲ့ စာရင်းဖြစ်တဲ့ “Time 100” နဲ့ ဆက်စပ်နေတာ ဖြစ်ပါတယ်။

အဲ့ဒီရွေးချယ်ထားတဲ့ “TIME 100 Next” စာရင်းမှာဆိုရင် အနုပညာရှင်၊ ဦးဆောင်လှုပ်ရှားသူ၊ ခေါင်းဆောင်၊ အံ့ဖွယ်ထူးခြားသူ၊ ဆန်းသစ်တီထွင်သူတွေကို ကဏ္ဍခွဲထားတာ ဖြစ်ပါတယ်။

BLACKPINK အဖွဲ့ဟာ အံ့ဖွယ်ထူးခြားသူ ခေါင်းစဉ်အောက်မှာ ပါဝင်ပြီး သူတို့ရဲ့ ကမ္ဘာတခွင် လွှမ်းမိုးနိုင်မှုနဲ့ ပရိသတ်တွေရဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားပါတယ်။ သူတို့ရဲ့ အောင်မြင်မှုတွေမှာ YouTube မှာ subscriber ၃၁ သန်းရှိတာ၊ Coachella မှာ ဖျော်ဖြေခဲ့တဲ့ ပထမဆုံး Kpop မိန်းကလေးအဖွဲ့ဖြစ်နေတာ၊ “DDU DU DDU DU” သီချင်းကို Youtube မှာ ကြည့်ရှုတဲ့ အကြိမ်ရေ ၁ ဘီလီယံ ကျော်သွားတာတို့ ပါဝင်ပါတယ်။