Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

အဖွဲ့ဝင် ၄ ဦးနဲ့ Comeback ပြုလုပ်တော့မယ် SECHSKIES

  •  
  •  Written by Micky
  •  Published in News

SECHSKIES အဖွဲ့ဟာ ကာလကြာရှည်စောင့်ဆိုင်းနေခဲ့ရတဲ့ Comeback အတွက် ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်မှာ ကိုရီးယားသတင်းဌာနတွေရဲ့အဆိုအရ SECHSKIES အဖွဲ့ဟာ အခုနှစ်ကုန်ပိုင်း ဒါမှမဟုတ် ၂၀၂၀ ပြည့်နှစ်အစောပိုင်းမှာ Comeback ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီသတင်းတွေအရ သူတို့အဖွဲ့ဟာ ဂီတဗီဒီယို ရိုက်ကူးပြီးစီးခဲ့ပြီလို့လည်း သိရပါတယ်။

အဲ့ဒီသတင်းတွေကို YG အင်တာတိန်းမန့်က “SECHSKIES အဖွဲ့ဟာ Comeback အတွက်ပြင်ဆင်နေပြီဆိုတာ အမှန်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရက်ကိုတော့ မဆုံးဖြတ်ရသေးပါဘူး။” လို့ပြောကြားခဲ့ပါတယ်။ SECHSKIES အဖွဲ့ရဲ့နောက်ဆုံးအနုပညာလှုပ်ရှားမှုကတော့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ဖြစ်ပြီး “Another Light” ဆိုတဲ့ အယ်လ်ဘမ်ကို ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။ သူတို့ရဲ့ပြုလုပ်တော့မယ့် Comeback ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အဖွဲ့ဝင် ဂန်ဆောင်ဟွန်းထွက်ခွာခဲ့ပြီးတဲ့နောက် အဖွဲ့ဝင်လေးဦးအနေနဲ့ ပထမဆုံး Comeback ပြုလုပ်မှာလည်း ဖြစ်ပါတယ်။