Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

tvN ကနေလွှင့်ဖို့ပြင်နေတဲ့ “Memories Of The Alhambra” ပီဒီနဲ့ “Doctors” ဇာတ်ညွှန်းဆရာတို့ရဲ့ စီးရီး

  •  
  •  Written by Micky
  •  Published in News

ဒရာမာစီးရီးအသစ်တစ်ခုကတော့ ရိုက်ကူးဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

နိုဝင်ဘာ ၁၃ ရက်မှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ထုတ်လုပ်ရေးဒါရိုက်တာ (ပီဒီ) အန်ဂီဟိုနဲ့ ဇာတ်ညွှန်းရေးဆရာ ဟာမြောင်ဟီးတို့ဟာ tvN ကနေ ထုတ်လွှင့်မယ့် ဒရာမာတစ်ခုအတက် ပြင်ဆင်နေကြပြီလို့ သိရပါတယ်။ tvN မှ သတင်းရင်းမြစ်တစ်ခုက အဲ့ဒီသတင်းတွေကို တုံ့ပြန်ခဲ့ပြီး သူတို့ရဲ့ ထုတ်လွှင့်ရေး အချိန်ဇယားမှာ သူတို့ရဲ့ ဒရာမာကို ထည့်သွင်းဖို့ စဉ်းစားနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

အဲ့ဒီဒရာမာရဲ့ နာမည်က “Youth Report” ဖြစ်ပြီး ခေတ်မီကမ္ဘာထဲက လူငယ်တွေရဲ့ အကြောင်းဖြစ်မှာပါ။ “Forest of Secrets” ၊ “Memories of the Alhambra” နဲ့ “Watcher” တို့လိုမျိုး နာမည်ကျော် ဒရာမာတွေကို ရိုက်ကူးခဲ့တဲ့ ပီဒီ အန်ဂီဟို နဲ့ “Doctors” နဲ့ “Degree of Love” တို့ရဲ့ ပဲ့ကိုင်ရှင် ဟာမြောင်ဟီးတို့က ဖန်တီးမှာဖြစ်တာကြောင့် ပရိသတ်စိတ်ဝင်စားမှု မြင့်တက်နေပါတယ်။