Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

ပတ်ဘိုဂွန်းနဲ့ ဂုံယူတို့ရဲ့ ရုပ်ရှင်အသစ် ရိုက်ကူးရေးပြီးစီး

  •  
  •  Written by Micky
  •  Published in News

မင်းသား ပတ်ဘိုဂွန်းနဲ့ ဂုံယူတို့ရဲ့ ရုပ်ရှင်အသစ်ဖြစ်တဲ့ 'Seo Bok' ကို ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ပါတယ်။

နိုဝင်ဘာ ၁၁ ရက်မှာ ပတ်ဘိုဂွန်းနဲ့ ဂုံယူတို့အပါအဝင် 'Seo Bok' ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့ဝင်တွေကို ဆိုးလ်မှာ ရှိတဲ့ စားသောက်ဆိုင်တစ်ခုမှာ ရုပ်ရှင်ရိုက်ကူးပြီးစီးတဲ့အထိမ်းအမှတ်ကျင်းပနေတာကို တွေ့ရှိခဲ့ရပါတယ်။ ရိုက်ကူးရေးကို ပြီးခဲ့တဲ့မေလက စတင်ခဲ့တာဖြစ်ပြီး အားလုံးရိုက်ကူးမှု ပြီးဆုံးဖို့ အချိန်ငါးလ ယူခဲ့ရပါတယ်။

1573527307067 1

မင်းသားပတ်ဘိုဂွန်းနဲ့ ဂုံယူတို့ကို ဆောင်းရာသီဝတ်စုံတွေနဲ့ မြင်တွေ့လိုက်ရပြီး ရုပ်ရှင်ရိုက်ကူးရေး တခြားအဖွဲ့ဝင်တွေနဲ့ အတူ ဓာတ်ပုံအတူတူ ရိုက်ကူးနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ 'Seo Bok' ရုပ်ရှင်ဟာ ထောက်လှမ်းရေးအေးဂျင့်ဟောင်း တစ်ဦးနဲ့ ပထမဆုံးပုံတူလူသားတစ်ဦးအကြောင်း ဖြစ်ပြီး ပုံတူလူသားကို ပိုင်ဆိုင်ဖို့ ကြိုးပမ်းကြတဲ့ အဖွဲ့တွေနဲ့ အန္တရာယ်ပြင်းထန်တဲ့ ဖြစ်ရပ်တွေကို ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

1573527307069 2

'Seo Bok' ရုပ်ရှင်ဟာ ပုံတူလူသားအကြောင်း ရိုက်ကူးထားတဲ့ ပထမဆုံးကိုရီးယားရုပ်ရှင်ဖြစ်ပါတယ်။ အဲ့ဒီ ရုပ်ရှင်ကို ၂၀၂၀ ပြည့်နှစ်၊ တချိန်ချိန်မှာ ရုံတင်ပြသဖို့ စီစဉ်ထားပါတယ်။