Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

Taeyang ပြောတဲ့ Big Bang ရဲ့ရှေ့ဆက်လျှောက်လမ်းမှု

Big Bang အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Taeyang နဲ့ Daesung တို့ဟာ စစ်မှုထမ်းတာဝန် ပြီးဆုံးခဲ့ပြီဖြစ်တာကြောင့် ဒီနေ့မှာပဲ စစ်တပ်မှထွက်လာခဲ့ကြပြီဆိုတာကို အားလုံးလည်း သိပြီးဖြစ်မှာပါ။

Big Bang ရဲ့ရှေ့ဆက်လျှောက်လှမ်းမယ့် အနာဂတ်အကြောင်းကို မေးခဲ့ကြပါတယ်။ Big Bang ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး "ကျွန်တော်တို့အများကြီးစဉ်းစားဖို့ လိုပါတယ် ၊ ကျွန်တော်တို့ကြားမှာ ဂရုတစိုက်ဆွေးနွေးပြီး ဆုံးဖြတ်ချက်တစ်ခုထွက်လာမှာပါ ၊

ပရိသတ်တွေဆီအကောင်းဆုံးအရာတွေနဲ့ပြန်လာချင်ပြီး စစ်မှုထမ်းနေစဉ်အတွင်း မပြသနိုင်ခဲ့တဲ့ ပုံစံတွေကို ကြိုးစားပြီးပြသချင်ပါတယ်" လို့ Taeyang မှပြောခဲ့ပါတယ်။

Big Bang ဆိုတဲ့အတိုင်း သူမတူတဲ့ဖန်တီးမှုတွေနဲ့ ပြန်လာဖို့ စောင့်မျှော်နေမိပါတယ်။ K-Pop လောကကိုလှုတ်ခတ်ဦးမယ် Big Bang ရဲ့သီချင်းအသစ်တွေကို အမြန်ဆုံးနားထောင်ချင်နေပါပြီ။

LAK/TheKpoptimes