Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

ကင်ဆာရောဂါကိုအတူတကွရင်ဆိုင်ပြီးတဲ့နောက် ဆက်ဆံရေး ပိုမိုခိုင်မြဲလာတဲ့ ကင်ဝူဘင်နဲ့ ရှင်မင်အာ

  •  
  •  Written by Micky
  •  Published in News

မင်းသား ကင်ဝူဘင်ဟာ နှာခေါင်း-လည်ချောင်းကင်ဆာ ကုသမှုတွေကို ခံယူနေရတဲ့အတွက် အနုပညာ လောကကနေ အနားယူခဲ့ရပြီးတဲ့နောက် မင်းသမီး ရှင်မင်အာကိုလည်း လူထုရှေ့မှောက်မှာ တွေ့ရဖို့ ခဲယဉ်းသွားခဲ့ပါတယ်။

မင်းသမီး ရှင်မင်အာက ဒရာမာအသစ်အတွက် လက်ခံလိုက်ချိန်မှာတော့ မင်းသားက ရောဂါပိုမိုသက်သာကောင်းမွန်လာပြီလို့ အခုနှစ်အစောပိုင်းမှာပဲ ပြောဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်မှာတော့ သူတို့နှစ်ဦးလမ်းခွဲလိုက်ပြီလို့ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။ အဲ့ဒီနောက် သီတင်းပတ်အနည်းငယ်အကြာမှာတော့ သူတို့နှစ်ဦးကို သြစတြေးလျနိုင်ငံမှာ အတူတူချိန်းတွေ့နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မင်းသမီး ရှင်မင်အာရဲ့ ဒရာမာ ရိုက်ကွင်းကို မင်းသားက ကော်ဖီထရပ်ကား တစ်စီးပို့ပေးခဲ့ပါစေးတယ်။ အခုတော့ သူတို့နှစ်ဦးဟာ စေ့စပ်ဖို့ အတွက် အဆင်သင့်ဖြစ်နေကြပြီလို့ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ ပြန်ပါတယ်။ သတင်းတွေရဲ့ အဆိုအရ မင်းသား ကင်ဝူဘင်ဟာ လက်ထပ်ခွင့်တောင်းဖို့အတွက် စီစဉ်နေပြီး မင်းသမီး ရှင်မင်အာဘက်ကလည်း ရက်စ် လို့ ပြောလိမ့်မှာဖြစ်တယ်လို့ မျှော်လင့်ထားကြတာပါ။

အနုပညာလောထဲမှာ ချစ်သူထားရတာဟာ ခက်ခဲကြမ်းတယ်လို့ ဆိုကြပေမယ့် သူတို့နှစ်ဦးက အဲ့ဒါဟာ မှားယွင်းတယ်ဆိုတာကို သက်သေပြခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ခက်ခဲကြမ်းတမ်းမှုတွေကို အတူတကွ ရင်ဆိုင်ခဲ့ကြပေမယ့် အခုအထိ ဆက်ဆံရေးက ခိုင်မာနေဆဲဖြစ်ပါတယ်။ မင်းသား ကင်ဝူဘင်ရဲ့ ကင်ဆာရောဂါ ခံစားနေရတဲ့အချိန်မှာ မင်းသမီးဟာ တောက်လျှောက်ရှိနေခဲ့ပြီး ခက်ခဲကြမ်းတမ်းနေခဲ့တဲ့အချိန်မှာ မင်းသားကို ထားသွားခဲ့ခြင်းမရှိခဲ့ပါဘူး။