Log in
updated 8:01 AM UTC, Dec 13, 2019
Headlines:

Twice အဖွဲ့ဝင်တွေကို iPhone လက်ဆောင်ပေးခဲ့တဲ့ IU

Twice အဖွဲ့ဝင် Sana ဟာ VLive ထုတ်လွှင့်မှုတစ်ခုမှာ IU ဟာ သူမကို iPhone လက်ဆောင်ပေးခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

အလွန်လှပပြီး ချစ်စရာကောင်းလှတဲ့ အဆိုတော်/မင်းသမီးလေး IU ဟာ မိသားစု အပေါ်မှာသာမက သူငယ်ချင်းတွေနဲ့ဝန်ထမ်းတွေအပေါ်မှာလည်း သဘောကောင်းသူပါလို့ အများကသိကြပါတယ်။ ယခင်နှစ်က IU ဟာ သူမရဲ့ concert မှာဖျော်ဖြေဖို့ Twice အဖွဲ့ဝင်တွေကို ဖိတ်ကြားခဲ့ပြီး Twice အဖွဲ့မှလည်း ချက်ချင်းပဲလက်ခံပေးခဲ့ပါတယ်။ IU ဟာ ကျေးဇူးတင်ကြောင်းဖော်ပြတဲ့အနေနဲ့ တန်ဖိုးကြီးမားတဲ့လက်ဆောင်တွေပေးခဲ့ပါတယ်။

IU မှ Chanel ဖိနပ်တွေနဲ့ Gucci လက်စွပ်တွေလည်း လက်ဆောင်ပေးခဲ့ကြောင်း Nayeon ကပြောခဲ့ပါတယ်။ IU ဟာ iPhone တွေကိုလည်း လက်ဆောင်ပေးခဲ့ပေမယ့် တစ်ချို့အဖွဲ့ဝင်တွေမှ iPhone ကို အသုံးပြုနေပြီးဖြစ်တာကြောင့် ဖုန်းလက်ဆောင်ကို လက်ခံခဲ့ခြင်း ရှိ/မရှိတော့ သေချာမသိခဲ့ကြပါဘူး။

ဒါပေမယ့် Momo နဲ့ Sana တို့ဟာ မနေ့က VLive လွှင့်ခဲ့တဲ့အတွင်း ကွဲနေတဲ့ဖုန်းကိုလဲဖို့အကြောင်း ပရိသတ်တွေကပြောတဲ့အခါ IU မှ သူတို့ကို iPhone တွေလက်ဆောင်ပေးခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

သဘောကောင်းသူလေး IU ပါနော်။ အရမ်းကိုချစ်ဖို့ကောင်းကြတဲ့ သူငယ်ချင်းဆက်ဆံရေးတွေပါ။

LAK/TheKPoptimes